ယနေ့ ဖေဖော်ဝါရီ(၅)ရက် ညနေ (၆)နာရီခွဲ အချိန်၌ Asean Club Cham -pionship Shopee Cup အုပ်စုပွဲစဉ်ကို ကမ္ဘောဒီးယား Svay Rieng FC နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အကောင်းဆုံးပြင်ဆင်ထားသည်ဟု ရှမ်းယူနိုက်တက် အသင်းနည်းပြချုပ် ဟီရို က ယမန်နေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ပြိုင်ဘက် အသင်းမှာ တိုက်စစ်မှုးကောင်းတွေရှိပါတယ်။ တောင်ပံကစားသမားတစ်ယောက်ဟာ အရှေ့တောင် အာရှအဆင့်အတွက် တကယ်ကို Strong ဖြစ်တဲ့သူပါ။ ဒီပွဲအတွက် ကျနော်တို့ သေချာ မပြင်ဆင်ထားဘူးဆိုရင် ဂိုးတွေ ပေးရနိုင်ပါတယ်။ ဒါကြောင့် သေချာ လုပ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။
ယမန်နေ့ သတင်းစာရှင်းလင်းပွဲအတွင်း ရှမ်းယူနိုက်တက်အသင်း ခေါင်းဆောင် နန္ဒကျော်ကလည်း ” အခုပွဲ ရလဒ်က အုပ်စုကနေ နောက်တဆင့်တက်ဖို့ အတွက် အရေး မပါတော့ပါဘူး။ဒါပေမဲ့ သူတို့ အသင်းနဲ့ ကျနော်တို့က AFC Challenge League မှာလည်း ကစားရဦးမှာပါ။ ဒါကြောင့် နည်းပြတွေရော၊ကစားသမားတွေပါ အကောင်းဆုံး ပြင်ဆင်ထားပါတယ်”ဟု ပွဲကြိုစကား ပြောကြားသည်။
ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အဆိုပါ ပွဲစဉ်ကို ကမ္ဘောဒီးယားတွင် အဝေးကွင်းအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ACC အုပ်စုပွဲစဉ်တလျှောက် Svay Rieng FC အသင်းနှင့် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းနှင့် Svay Rieng FC အသင်းတို့သ ည် AFC Challenge League (Quarter Final) ပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ ယခုလဖေဖော်ဝါရီ (၅) ရ က်မှ မတ်လ (၁၃)ရက်အတွင်း (၃)ကြိမ်တိတိ ထိပ်တိုက်တွေ့ ဆုံကြရမည့် အသင်းနှစ်သင်းလည်းဖြစ်သည်။
