Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...

The Super Model International Myanmar 2018 ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီလတွင် ကျင်းပမည်

The Super Model Inter-national Myanmar ( 2018 ) Organization မှကြီးမှူးကျင်းပတဲ့ The Super Model International Myanmar 2018 ( City Crown ) ပေးအပ်ခြင်းနှင့် မီဒီယာမိတ်ဆက် ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နေ့၊ မနက် ၁ဝ နာရီက Orchid Hotel မှာပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားနဲ့ပတ်သက်ပြီး The Super Model International Myanmar & JU CEO & Founder ကိုဇေယံဟိန်းက…

”ဒီပွဲကဆို ပြီးခဲ့တဲ့နှစ်ကလည်း လုပ်တယ်။ အိန္ဒိယမှာ သွားပြိုင်ရ တယ်။ ဒီနှစ်ကတော့ အိန္ဒိယဖြစ်မ လား၊ထိုင်းဖြစ်မလားသူတို့က မကြေ ညာသေးဘူးပေါ့နော်။ဟိုးရှေးတုန်း ကလည်း ကျွန်တော်တို့ အေဂျင်စီက စူပါမော်ဒယ်တွေ လွှတ်ခဲ့တာဆို လို့ရှိရင် ၄ ကြိမ် ၅ ကြိမ်လောက် ရှိသွားပြီပေါ့နော်။ အပွင့်လင်းဆုံး ပြောရမယ်ဆိုရင် ဒီနှစ်မှာ ဘာဆု လေးများရမလားဆိုပြီး ကလေးတွေ လုပ်တာကို အားဖြည့်ပေးတာပါ။ ပြိုင်ပွဲဝင် City ညီမငယ်အားလုံးက တော့ ရောက်ရှိနေပြီး ပြိုင်ပွဲ အတွက် လည်း အားလုံး ရယ်ဒီဖြစ်နေပါပြီ။ ကျွန်တော်တို့ ဒီကာလမှာ ထရိန်နင် တွေပေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ လကုန်နဲ့ လလယ်လောက်မှာတော့ ပြိုင်ပွဲက စနေမှာဖြစ်ပါတယ်။ ဖိုင် နယ်ပွဲကြီးကိုတော့ နေပြည်တော်မှာ ပဲကျင်းပမှာပါ။ပြိုင်ပွဲဝင်တွေကတော့ စုစုပေါင်း ၂၅ ယောက်လောက်ရှိပါ တယ်။ အဲဒီထဲကနေမှ တစ်ယောက် ကိုရွေးချယ် သွားမှာပါ” လို့ပြောပါ တယ်။ ဒီပြိုင်ပွဲမှာ ဘယ်လိုအရည် အချင်းမျိုးရှိတဲ့သူမျိုးကို The Super Model International Myanmar 2018 အဖြစ်ရွေးချယ် သွားမလဲ ဆိုတာကို ကိုဇေယံဟိန်းက အခုလို ပြောပြခဲ့ပါတယ်။

”ကျွန်တော်က ဘယ်သူ့ဘယ်သူ မှလည်း အေဂျင်စီ စီနီယာတွေကို လည်း မစော်ကားပါဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်ကိုပဲ ပုံမှန်သွားတဲ့သူ တစ်ယောက်အနေနဲ့ ပြောမယ်ဆို ရင် မြန်မာနိုင်ငံမှာက မော်ဒယ်လို့ ပြောလိုက်လို့ရှိရင် အရပ်ရှည် ရှည်နဲ့ ညီမလေးတွေကိုပဲ ပြေးမြင် မယ်ပေါ့နော်။ ဒါကိုလည်း ဖြစ်စေ ချင်တာပေါ့လေ။ ဒါပေမဲ့လည်း အရပ်ကန့်သတ်ချက်ကတော့ ၅ပေ နဲ့ ၄လက်မ လောက်ကနေ စပြီး လက်ခံထားတယ်လို့ ယူဆမိပါတယ်။ပုံမှန်အားဖြင့် နိုင်ငံခြားပြိုင် ပွဲတွေ မှာတော့ အင်္ဂလိပ်စာနည်းနည်း ကောင်းရမယ်။ ပြီးတော့ နိုင်ငံ ကိုယ် စားပြု တစ်ယောက်အနေနဲ့ သူ့ရဲ့ ကိုယ်နှုတ်နှလုံးကံသုံးပါး အမူအရာ သူ့ရဲ့ ကိုယ်ကျင့်တရား ကောင်းရ မယ်။ တော်တော်များများ အဆင်ပြေ မှကောင်းမှာပေါ့နော်။ ဒီပွဲလေးက ပုံမှန်အားဖြင့်တော့ မော်ဒယ်ပွဲလေး လို့ ထင်ရပေမယ့် မြန်မာလို့ စလွယ် လွယ်လိုက်ပြီ ဆိုတာနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် သူတို့နဲ့ နာမည်က အဓိက မဟုတ်တော့ဘဲ ကျွန်တော်တို့ နိုင်ငံ ကိုကိုယ်စားပြုတာဖြစ်တဲ့အတွက် သူတို့ရဲ့ ပခုံးပေါ်မှာ ပေးလိုက်ရတဲ့ တာဝန်ကို ကျေပွန်အောင်ထမ်း ဆောင်ရမှာဖြစ်တယ်။ အဲဒီလိုမျိုး ရှိတဲ့သူတစ်ယောက်ကိုတော့ရွေးချယ် သွားရမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071