Thursday, April 30, 2026

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့်...

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊...

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...
HomeNewsLocal NewsSri Lanka EXPO...

Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Bandaranaike Memorial International Conference Hall (BMICH) ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ “Sri Lanka EXPO 2026” ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပြပွဲသည် သီရိလင်္ကာနိုင်ငံ၏ ကျယ်ပြန့်သော ပို့ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပြသရန်၊ အထူးသဖြင့် အပြန်အလှန်ကုန်သွယ်မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများကို မြှင့်တင်ရန် ရည်ရွယ်၍ ပြပွဲကို ကျင်းပခြင်းဖြစ်သည်။

“Sri Lanka EXPO 2026” ပြပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာအချက်အလက်များ၊ လက်ကမ်းစာစောင်များကို ပူးတွဲ တွင် ဝင်ရောက်ဖတ်ရှုနိုင်ကြောင်းနှင့်ပြပွဲဆိုင်ရာ အချက်အလက်အသေးစိတ်ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့် လွတ်မြောက်လာ

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး ပုဒ်မ ၂၃ (က) နှင့် အမိန့်ချခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ ယနေ့တွင် အကျဥ်းသား/သူ ၁၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီးနောက်၎င်းတို့လေးဦး ပါဝင်လာခဲ့ခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားဟု ဒေါက်တာသက်ခိုင်ဝင်းပြော

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand Hotel Phayathai ၌ ဧပြီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြု လုပ်နေသည့် “၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ အ သည်းရောင်ရောဂါဆိုင်ရာညီလာခံ” သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါ ညီလာခံကို "မည်သူမျှ နောက် ကျမကျန်စေရ" (Elimination...

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းကတိုက်ခတ်ခဲ့သည့်လေပြင်းကြောင်း ရန်ကုန်တိုင်းရှိမြို့နယ်အချို့တွင် သစ်ပင်လဲကျမှုများဖြစ်ပေါ်

ယနေ့ ဧပြီ ၃၀ ရက်နေ့လည်ပိုင်းက ရန်ကုန်တိုင်းအ တွင်း၌ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်အ ချို့တွင် သစ်ပင်လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးခနောင်တို(အရှေ့)ရပ် ကွက်၊ ရေတမာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ ဦးဖိုးကျားလမ်း၊ ရထားသံလမ်းပေါ်တို့တွင် သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်၊ တော်ဝင်စင်တာရှေ့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်းအိမ်ရာရှေ့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ် ကွက်၊ ပုဏ္ဏမီလမ်းမပေါ်၊ ရန်ကင်းမြို့နယ်၊ (၁၆)ရပ် ကွက်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071