Skype ပလက်ဖောင်း၏ ဝန်ဆောင်မှုများကို မေလ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်းသွားမည် ဟု Microsoft ၏ နည်းပညာအထောက်အပံ့ဝက်ဘ်ဆိုက်တွင်ကြေညာခဲ့သည်။
ကမ္ဘာ့အင်တာနက်အသိုင်းအဝိုင်းအတွင်း ၂၀၀၃ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့သော Skype အား Microsoft က ၂၀၁၁ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ယခုအခါ ၎င်း၏ဝန်ဆောင်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။ အသုံးပြုသူများ၏ အကောင့်များနှင့် အချက်အလက်များကို Microsoft Teams ဝန်ဆောင်မှုသို့ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ယခင်ကပင်လျှင် ကြိုတင်အသိပေးထားခဲ့သည်။