မတ်လ (၂၈) ရက် လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို့မှ Sky Villa ကွန်ဒိုအပျ-က်အစီးများအောက်မှ ရှာတွေ့သည့် ရုပ်အလေ-ာင်း (၁၀၀) ကျော်ရှိလာပြီ ဖြစ်သည်။
ယမန်နေ့ ဧပြီလ (၂၇) ရက်အထိ ရှာဖွေတွေ့ရှိသည့် ရုပ်အလေ-ာင်း (၁၀၇) လေ-ာင်းအထိ ရှိလာကြောင်းလည်း မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ယင်းကွန်ဒိုမှ လူ (၅၂) ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကာ နောက်ထပ်လည်း ေ-သဆုံးသူ များ၏ ရုပ်အလေ-ာင်းများကို ရှာဖွေနေကြောင်းလည်း ဆိုသည်။
အဆိုပါ Sky Villa ကွန်ဒိုသည် (၁၁) ထပ်အမြင့်ရှိသည့် အထပ်မြင့် အဆောက်အဦးဖြစ်ပြီး မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ကွန်ဒိုတစ်ခုလုံးနီး ပါး ပြိုကျပျ-က်စီးသွားပြီး ပြိုမကျဘဲ ကျန်ရှိနေသည့်အဆောင်မှာလည်း လူနေထိုင်ရန် လုံးဝမဖြစ်နိုင်တော့သည့် အန္တရာယ်ရှိ ဧရိယာအဖြစ်သတ်မှတ်ခြင်း ခံထားရသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးသွားသည့် အဆောင် (၂) ခုမှာ အလုံးစုံပြိုကျသွားခဲ့ပြီး ကျန်ရှိနေသည့် အဆောင်မှာ မြေအောက်သို့ (၅) လွှာ နစ်ဝင်သွားသည်အထိ အခြေအနေဆိုးရွားခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပြီး နောက်တစ်နေ့ မတ်လ (၂၉) ရက်တွင် ပေါ်ပြူလာနယူးစ်၏ သတင်းထောက်မှ နီးစပ်သူများနှင့် အဆိုပါကွန်ဒိုတွင် နေထိုင်သူမိသားစုဝင်များအား မေးမြန်းထားချက်အရ ယင်းကွန်ဒို ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသူ ရာပေါင်းများစွာရှိနိုင်ကြောင်း သိရပြီး လက်ရှိတွင်ရုပ်အလေ-ာ င်း (၁၀၀) ကျော်သာ ပြန်ရသေးခြင်း ဖြစ်သည်။
နစကသတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်အရ ယမန်နေ့ ဧပြီ (၂၇)ရက်အထိ မန္တလေးငလျင်ကြီးကြောင့် ေ-သဆုံး သူ (၃,၇၆၉) ဦး၊ ထိခိုက်ဒဏ်ရာရသူ (၅,၁၀၆) ဦးနှင့် ပျေ-ာက်ဆုံးနေသူ (၁၀၇) ဦး ရှိ ကြောင်း သိရသည်။