စန္ဒီမြင့်လွင်က ညီမဖြစ်သူ စိုးပြည့်သဇင် နဲ့ အတူ သီဆိုထားတဲ့ Don’t Make Me Lonely သီချင်း တစ်ပုဒ်ကို ဖေဖော်ဝါရီလ ၂၁ရက် နေ့က အွန်လိုင်း မှာဖြန့်ချိခဲ့ပါတယ်။ ဒီသီချင်းကို တေးရေး မိုးထက်က ရေးသား ပေးထားတာဖြစ်ပါတယ်။
“ဒီးဒီက အဲဒီလို သီချင်းပုံစံ တွေဆို နေကျ၊ ဒီးဒီ ပုံစံအတိုင်းပါပဲ။ ဇင်ဇင့်အ တွက်ကျတော့ ထူးဆန်းတယ် ပြောရမယ်။ သူကအဲဒီလို ပုံစံတွေ မဆိုဖူးဘူး။ သူ့အတွက် က ပထမဆုံး ပုံစံပြောင်းတာ။ ဒီးဒီကတော့ rapping ပုံမှန်အတိုင်းဆို ထားတယ်။ ဒါပေမဲ့ ဆိုနေကျ ကနေ နည်းနည်းလေး ဖလိုးလေး ပြောင်းတာပဲရှိတယ်။ MTV အနေနဲ့တော့ မဟုတ်သေးဘူး။ ဒါအွန် လိုင်းမှာ ပရိသတ်ကို စပြီး အမြည်းကျွေးတဲ့ သဘောပါပဲ။ ဘာပဲပြောပြော ဒီသီ ချင်းလေး ထွက်သွားတယ်ပေါ့။ ပရိသတ်ကို အခွေထွက် လာစရာ ရှိတယ် ဆိုတာ ပြောတဲ့သဘောပေါ့။ ဇင်ဇင်ကလည်း သူ့ပရိသတ်တွေ က မေးနေပြီ။ မဒီနဲ့ အခွေ ဘယ်တော့ ထွက်မှာလည်း ဆိုပြီး မေးနေတယ်လို့ ပြောတယ်။ ဒီးဒီအခွေ queen မတိုင်ခင်ကတည်းက ထွက်ရှိဖို့ပဲ သူ့ကို ခဏစောင့် ခိုင်းထားတာ။ ပရိသတ်တွေ အတွက် ဆန်းလည်း ဆန်းတယ်။ ညီမ နှစ်ယောက်လည်း တစ်ခါမှ မဆိုဖူး သေးဘူးဆိုတော့ ကောင်းပါတယ်” လို့ပြောပါတယ်။
ညီအစ်မနှစ်ယောက် အပေး အယူမျှမျှနဲ့ သီချင်းတွေ အတူ ဖန်တီးဖြစ်ကြောင်းကိုလည်း စန္ဒီမြင့်လွင်က
“ဇင်ဇင်က ကိုယ့်ထက်ကို ဆရာကျပါတယ်။ Musician လို့တောင် ပြောလို့ရတယ်။ မြူးဇစ်ပိုင်း မှာ သီချင်းဆိုတာ တအားတော်တယ်။ ဒီးဒီက ကိုယ့်ပုံစံ အတိုင်းပဲ ကိုယ်ဆို တတ်တယ်။ ဆိုမယ့် ပုံစံတွေ ညှိရတာ လည်း အဆင်ပြေပါ တယ်။ အပေး အယူလည်းမျှတယ်” လို့ပြောပါ တယ်။
စန္ဒီမြင့်လွင်က ဒီနှစ်ထဲမှာ Single Song တွေကိုပဲ MTV ရိုက်ကူပြီးဖြန့်ချိ သွားဖို့ စဉ်းစားထားပြီး တစ်ကိုယ် တော် စီးရီးခွေသစ် အတွက် သီချင်းတွေ စုနေပေမယ့်လည်း နောက်နှစ်မှပဲ ထွက်ရှိဖို့ စီစဉ်ထားကြောင်းပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း
