Thursday, July 16, 2026

မြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့ရှိ...

ရန်ကုန်မြို့ပြအင်္ဂါရပ် ပိုမိုသပ်ရပ်လှပစေရန်နှင့် လမ်းမကြီးများပေါ်ရှိ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်အား အစိုးရမှ စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်

မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်နေသည့် ကွန်ကရစ်ဇလီဖားတုံးများ အတွက် အထောက်ကူပြုမည်ဖြစ် သီပေါ၊ဇူလိုင်-၁၅ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ် ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းကို ယမန်နေ့ ဇူလိုင် ၁၅...

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၆ လအတွင်း တိုင်ကြားစာ...

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇန်နဝါရီမှ ဇွန်လအထိ တိုင်ကြားစာ (၂၉၅) မှုကို စိစစ်ဆောင်ရွက်ခဲ့ပြီး အမှုအချို့ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအကြံပြုခဲ့ကြောင်း ကော်မရှင်က ဇူလိုင်...

မန်းရတနာပုံလေကြောင်းလိုင်းက ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့ ခရီးစဉ်သစ်များ...

မန်းရတနာပုံ လေကြောင်းလိုင်း (Mann Yadanarpon Airlines) သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်သို့ ပြေးဆွဲမည့် ခရီးစဉ်သစ်များကို လာမည့် ဇူလိုင်လ ၁၇...
HomeNewsLocal NewsSGAC မှ မြန်မာကိုယ်စားလှယ်...

SGAC မှ မြန်မာကိုယ်စားလှယ် Space Systems Engineer မအိဖြူဖြူ IAF ၇၇ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ တက်ရောက်ရန် ရွေးချယ်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Space Systems Engineer အဖြစ် တာဝန်ထမ်းဆောင်နေသည့် မြန်မာအင်ဂျင်နီယာ မအိဖြူဖြူသည် လာမည့် အောက်တိုဘာလ ပထမပတ်တွင် ကျင်းပမည့် International Astronautical Federation (IAF) ၏ (၇၇) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ရန် ရွေးချယ်ခံထားရကြောင်း သိရသည်။

မအိဖြူဖြူသည် ပြည်နည်းပညာတက္ကသိုလ်မှ Mechatronics ဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံ Kyushu Institute of Technology တွင် Space Systems Engineering မဟာဘွဲ့ကို ဆက်လက်သင်ယူခဲ့သူဖြစ်သည်။

လက်ရှိတွင် Space Systems Engineer အဖြစ် နိုင်ငံတကာ အာကာသစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နေပြီး NASA၊ ESA နှင့် JAXA တို့၏ စံချိန်စံညွှန်းများနှင့်အညီ CubeSat ဂြိုဟ်တုအစိတ်အ ပိုင်းများ၊ အင်တင်နာစနစ်များနှင့် ဆိုလာပြားဖြန့်ကြက်မှုစနစ်များကို ဒီဇိုင်းရေးဆွဲတီထွင်နိုင်သူဖြစ်ကြောင်း သိရသည်။

ထို့ပြင် CubeSat တည်ဆောက်ပုံဒီဇိုင်း၊ FEA စမ်းသပ်မှုများနှင့် အာကာသပတ် ဝန်းကျင်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများတွင်လည်း ပါဝင်လုပ်ကိုင်နေပြီး Python၊ C၊ C++၊ MATLAB၊ SolidWorks နှင့် Fusion 360 စသည့် နည်းပညာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူလည်း ဖြစ် သည်။

အလားတူ အမေရိကန် Federal Communications Commission (FCC) ၏ Ground Station Operator လိုင်စင်များကိုလည်း ရရှိထားကြောင်း သိရသည်။

မအိဖြူဖြူသည် Space Generation Advisory Council (SGAC) တွင် မြန်မာနိုင်ငံကိုယ်စားပြုဆက်သွယ်ရေးတာဝန်ခံ (National Point of Contact for Myanmar) အဖြစ်လည်း တာဝန်ယူဆောင်ရွက်နေပြီး မြန်မာလူငယ်များနှင့် နိုင်ငံတကာ အာကာသနည်းပညာအသိုင်းအဝိုင်းအကြား ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။

ယခု IAF ၏ ၇၇ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာအမျိုးသမီး အင်ဂျင်နီယာတစ်ဦး၏ နိုင်ငံတကာအာကာသနည်းပညာကဏ္ဍတွင် ရရှိထားသည့် အောင်မြင်မှုမှတ်တိုင်တစ်ရပ်အဖြစ် မှတ်ယူနိုင်ကြောင်း MASES က ဖော်ပြထားသည်။

ဓာတ်ပုံ-MASES

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြို့ပြအင်္ဂါရပ်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလုံလမ်းနှင့် ရွှေတိဂုံဘုရားလမ်းတို့ရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း

ရန်ကုန်မြို့ပြအင်္ဂါရပ် ပိုမိုသပ်ရပ်လှပစေရန်နှင့် လမ်းမကြီးများပေါ်ရှိ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းစဉ်အား အစိုးရမှ စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက အလုံလမ်းနှင့် ဗဟိုလမ်းထောင့်၊ ရွှေတိဂုံဘုရားလမ်းတစ်လျှောက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဒေါက်တာမျိုးသော်က လမ်းမကြီးများတစ်လျှောက်တွင် နှစ်ရှည်လများ ရှုပ်ထွေးပွေလီစွာ သွယ်တန်းထားသည့် ကေဘယ်လ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးဟောင်းများသည် မြို့ပြအလှအပကို ထိခိုက်စေရုံတင်မကဘဲ ပြည်သူလူထုအတွက် မီးဘေးအန္တရာယ်နှင့်...

သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်

မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်နေသည့် ကွန်ကရစ်ဇလီဖားတုံးများ အတွက် အထောက်ကူပြုမည်ဖြစ် သီပေါ၊ဇူလိုင်-၁၅ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ် ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းကို ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့က စတင်နိုင်ခဲ့ကြောင်း သိရသည်။ မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်လျက်ရှိသည့် ကွန်ကရစ်ဇလီဖားများအား မန္တလေး-လားရှိုးရထား လမ်းပိုင်းတွင် အသုံးပြု၍ ပြန်လည်ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ စက်ရုံ ပြန်လည်ဖွင့်လှစ်ခြင်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။ မန္တလေး-လားရှိုးရထား လမ်းတွင် ရထားများပြန်လည်ပြေးဆွဲလျှင်...

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၆ လအတွင်း တိုင်ကြားစာ (၂၉၅) မှုကို စိစစ်ဆောင်ရွက်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇန်နဝါရီမှ ဇွန်လအထိ တိုင်ကြားစာ (၂၉၅) မှုကို စိစစ်ဆောင်ရွက်ခဲ့ပြီး အမှုအချို့ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအကြံပြုခဲ့ကြောင်း ကော်မရှင်က ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည်။ ကော်မရှင်ထံ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ရောက်ရှိလာသည့် မီဒီယာသတင်းများအပါအဝင် တိုင်ကြားစာ (၂၉၅) မှုကို ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၇ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေး (၂၁) ကြိမ်ကျင်းပ၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စိစစ်ဆောင်ရွက်ခဲ့သည့် အမှုများအနက် (၆၄) မှုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071