Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeInternationalSCO တီယန်ကျင်း ထိပ်သီးအစည်းအဝေးသို့...

SCO တီယန်ကျင်း ထိပ်သီးအစည်းအဝေးသို့ သတင်းထောက် ၃,၀၀၀ ခန့် လာရောက် သတင်းယူ

တရုတ်နိုင်ငံတွင် ယခုကျင်းပနေသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို ကမ္ဘာတစ်ဝန်းမှ မီဒီယာကိုယ်စားလှယ် ၃,၀၀၀ ခန့် လာရောက်သတင်းယူနေကြသည်။

ဖိုရမ်၏ ပထမနေ့တွင် SCO ခေါင်းဆောင်များအကြား နှစ်နိုင်ငံ တွေ့ဆုံမှုများစွာ ပြုလုပ်ခဲ့သည်။ SCO ထိပ်သီးအစည်းအဝေး သတင်းမီဒီယာစင်တာ၏ ပင်မခန်းမ ပြည့်သွားသည့်အတွက် စီစဉ်သူများက သတင်းစာရှင်းလင်းပွဲများအတွက် ရည်ရွယ်ထားသည့် နေရာများ ထပ်မံစီစဥ်ပေးခဲ့ရသည်။

SCO ခေါင်းဆောင်များသည် တီယန်ကျင်း ထိပ်သီးအစည်းအဝေး ကြေညာချက်အပြင် ဦးစားပေးကိစ္စရပ်များဆိုင်ရာ အခြားစာရွက်စာတမ်းများနှင့် ဆုံးဖြတ်ချက်များကို စက်တင်ဘာ ၁ ရက်တွင် အတည်ပြုမည်ဖြစ်ရာ အချက်အလက်အများဆုံး ထွက်ပေါ်လာမည်ဟု မျှော်လင့်ရသည်။

SCO ကို ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ရှန်ဟိုင်း၌ တည်ထောင်ခဲ့သည်။ အဖွဲ့အစည်းကို တရုတ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ ပါဝင်လာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အီရန်က ပါဝင်ခဲ့ပြီး ဘယ်လာရုစ်သည် ပြီးခဲ့သည့်နှစ်က အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

SCO ၏ အကြီးဆုံး ထိပ်သီးအစည်းအဝေးဖြစ်သည့် နှစ်ရက်ကြာ အစည်းအဝေးကို တီယန်ကျင်းတွင် တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့သည်။ အဆိုပါပွဲသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071