Home News Local News Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

0
75

ရန်ကုန်၊ စက်တင်ဘာ ၂၀

ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။

Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းသည် အုပ်စုအဆင့်တွင် ကူဝိတ်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယားနှင့် အီရတ်နိုင်ငံတို့မှ ကစားသမားများနှင့် ယှဉ်ပြိုင်ခဲ့ရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ကာ ဆီမီးဖိုင်နယ်၌ အီရတ်ကစားသမားကို နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။

ယင်းနောက် ကြေးတံဆိပ်လုပွဲတွင် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ် ပြန်လည်အနိုင်ယူကာ ကြေးတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကြေးတံဆိပ်သည် အာရှအားကစားပြိုင်ပွဲတွင် တက်ဂ်ဘောအားကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပရာ၌ မြန်မာနိုင်ငံအတွက် Saw Friday က ရယူပေးနိုင်ခဲ့သည့် ဆုတံဆိပ်လည်းဖြစ်သည်။