ဒီဇင်ဘာလ ၂ရက်နေ့မှာ 2NE1 အဖွဲ့ဝင်ဟောင်း CL ဟာ သူမရဲ့ Instagram မှာ ဖိနပ်အသစ်ရတာကို ကြွားလိုက်ပါတယ်။
အဲ့ဒါ ကတော့ အမေရိကန်အဆိုတော်မလေးRihanna ဆီကပါ။ CL က instagram မှာ ဖိနပ်ပုံကိုတင်ပြီး ကျေးဇူး တင်စကားပါ ပြောခဲ့ ပါတယ်။ ဒီလို လက် ဆောင်ပေးပုံထောက်ရင် CL နဲ့ Rihanna တို့ နှစ်ဦးက အတော် ရင်းနှီးပုံပါပဲ။ CL လက်ဆောင်ရတယ်ဆိုတော့
မနာလိုစရာတောင် ကောင်းနေပါပြီ။ CL လက်ခံရရှိခဲ့တဲ့ ဖိနပ်ဒီဇိုင်းကတော့Rihanna နဲ့ ဖိနပ်ဒီဇိုင်နာManolo Blahnik တို့ ပေါင်းစပ် တီထွင်လိုက်တဲ့Timberland-Style အမျိုးအစားဖြစ်ပြီးThe Fallon လို့ အမည်ပေးထားပါတယ်။ ဈေးနှုန်းကတော့ $1345 ဆိုတော့
ဖိနပ်ကြိုက်တဲ့ ပရိသတ်တွေအတွက် နည်းနည်းတော့ ဝန် ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါတယ်။ ဘယ်သူတွေကကောRihanna ရဲ့ Manolo Blahnik ကို လိုချင်ကြ သေးလဲကွယ်။