(Unicode)
(RCEP)တွင် မြန်မာ မပါဝင်နိုင်ရေး နိုင်ငံအချို့ ထောက်ပြဟန့်တားမှုများအပေါ် နစကဝေဖန်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က အသက်ဝင်ခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP)နှင့် စပ်လျဉ်းပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အကြောင်းပြု အဟန့်အတားပြုခဲ့မှုကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘောတူစာချုပ် အသက်ဝင်မှုတွင် နှောင့်နှေးမှုများဖြစ်ပေါ်လျှက်ရှိနေသည်။
ယင်းအခြေအနေနှင့် ပတ်သတ်ပြီး နစကနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအနေဖြင့် ယင်းသဘောတူစာချုပ်အသက်ဝင်ရေးအတွက် စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောလျင်စွာ ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၀ရက်တွင် အာဆီယံကို အသိပေးခဲ့ပြီး စာချုပ်စာတမ်းများထိန်းသိမ်းသူအနေဖြင့် စာချုပ်ပါပြဋ္ဌာန်းချက်များနှင့်အညီ မဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအတွက် သဘောတူစာချုပ် အသက်ဝင်မှုတွင် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ရသည်ကို စိတ်မကောင်းဖြစ်မိကြောင်းပါ တစ်ပါတည်း အသိပေးခဲ့သည်ကိုတွေ့ရသည်။
ထို့အပြင်(RCEP)တွင် မြန်မာ မပါဝင်နိုင်ရေး နိုင်ငံအချို့ ထောက်ပြဟန့်တားမှုများနှင့် စာချုပ်အသက်ဝင်နိုင်ရေး နှောင့်နှေးမှုများက အာဆီယံအဖွဲ့အပေါ် ယုံကြည်ကိုးစားမှုကို ထိခိုက်ရုံသာမက အာဆီယံအတွင်းရေးမှူးချုပ်ရုံးအပေါ်ကိုလည်း ယုံကြည်ကိုးစားမှု ကို ထိခိုက်လာစေဟု နစကနိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြဝေဖန်ထားသည်။
“ ဥပဒေကိုအခြေပြုသော အစိုးရအချင်းချင်းဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဆီယံ၌ ယင်းသို့ အဖြစ်မျိုး ထပ်မံမဖြစ်ပေါ်စေရေး မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ပါသည်”ဟု ကြေညာချက်ထုတ်ကာ ပြောသည်။
ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးစာချုပ်ဟု ညွှန်းဆိုနေကြသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(Regional Comprehensive Economic Partnership- RCEP)တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျ၊ နယူးဇီလန်နိုင်ငံတို့ ပါဝင်ကာ RCEP သဘောတူညီချက်သည်ကား ကမ္ဘာ့ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသော ဈေးကွက်ကြီးကို ကိုယ်စားပြုသကဲ့သို့၊ ကမ္ဘာ့ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့် တန်ဖိုးကိုလည်း ကိုယ်စားပြုသည်ဟု သိရသည်။
RCEP သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်က တရားဝင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး နောက် ၂၀၁၃ ခုနှစ်အထိ ဆွေးနွေးပွဲများမှာနှေးကွေးနေခဲ့သော်လည်း ၂၀၁၇ ခုနှစ်အရောက်တွင်မူ RCEP ဆွေးနွေးပွဲမှာ အရှိန်ရလာခဲ့ပြီး ၂၀၂၀ နိုဝင်ဘာတွင် သဘော တူညီချုပ်ကို နိုင်ငံများ ရေးထိုးနိုင်ခဲ့ကြသည်။
လက်မှတ်ရေးထိုးမှုကို ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ နိုဝင်ဘာလ ၁၅ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုစဉ်က ဝန်ကြီး ဦးသောင်းထွန်းတို့သည် လက်ခံကျင်းပသူ အာဆီယံ အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံက ဆောင်ရွက်သည့် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် လက်မှတ်ရေးထိုးပွဲတွင် သဘောတူညီ ပါဝင်လက်မှတ်ထိုးထားသော စာချုပ်လည်း ဖြစ်သည်။
RCEP သဘောတူညီချက်အနှစ်ချုပ်က အဖွဲ့ဝင် ၁၅ နိုင်ငံအချင်းချင်းကြား လွတ်လပ်စွာကုန်သွယ်ရေးသာမက၊ စီးပွားရေး လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ ဘုံစည်းမျဉ်းများ၊ စံနှုန်းများကို ချမှတ်သွားရန် ရည်ရွယ်ထားသည့် သဘောတူစာချုပ်တစ်ခုလည်းဖြစ်သည်။
“ဒီစာချုပ်မှာ မြန်မာ မပါလာရင် ကုန်သွယ်ရေးပိုင်း လုပ်ငန်းတွေမှာ နစ်နာတာပေါ့ ၊ ပါလာရင်တော့ ကုန်သွယ်မှုတွေမှာ အားသာတာပေါ့ ” ဟု လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
ပုံစာ။ ။ ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာ၁၅ရက်က (Regional Comprehensive Economic Partnership- RCEP) သဘောတူညီချက်ကို အွန်လိုင်းဗီဒီယိုစနစ်ဖြင့် လက်မှတ်ရေးထိုးခဲ့ကြစဉ်။
(Zawgyi)
(RCEP)တြင္ ျမန္မာ မပါဝင္ႏိုင္ေရး ႏိုင္ငံအခ်ိဳ႕ ေထာက္ျပဟန႔္တားမႈမ်ားအေပၚ နစကေဝဖန္
၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ေန႔က အသက္ဝင္ခဲ့သည့္ ေဒသတြင္းဘက္စုံစီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈသေဘာတူစာခ်ဳပ္ (RCEP)ႏွင့္ စပ္လ်ဥ္းၿပီး အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕က ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနကို အေၾကာင္းျပဳ အဟန႔္အတားျပဳခဲ့မႈေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ သေဘာတူစာခ်ဳပ္ အသက္ဝင္မႈတြင္ ေႏွာင့္ေႏွးမႈမ်ားျဖစ္ေပၚလွ်က္ရွိေနသည္။
ယင္းအေျခအေနႏွင့္ ပတ္သတ္ၿပီး နစကႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျမန္မာႏိုင္ငံအေနျဖင့္ ယင္းသေဘာတူစာခ်ဳပ္အသက္ဝင္ေရးအတြက္ စာခ်ဳပ္ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာလ်င္စြာ ေဆာင္႐ြက္ခဲ့သည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္ကို ၂၀၂၂ ေဖေဖာ္ဝါရီ ၂၀ရက္တြင္ အာဆီယံကို အသိေပးခဲ့ၿပီး စာခ်ဳပ္စာတမ္းမ်ားထိန္းသိမ္းသူအေနျဖင့္ စာခ်ဳပ္ပါျပ႒ာန္းခ်က္မ်ားႏွင့္အညီ မေဆာင္႐ြက္ႏိုင္ခဲ့သည့္အတြက္ ျမန္မာႏိုင္ငံအတြက္ သေဘာတူစာခ်ဳပ္ အသက္ဝင္မႈတြင္ ေႏွာင့္ေႏွးမႈမ်ားျဖစ္ေပၚခဲ့ရသည္ကို စိတ္မေကာင္းျဖစ္မိေၾကာင္းပါ တစ္ပါတည္း အသိေပးခဲ့သည္ကိုေတြ႕ရသည္။
ထို႔အျပင္(RCEP)တြင္ ျမန္မာ မပါဝင္ႏိုင္ေရး ႏိုင္ငံအခ်ိဳ႕ ေထာက္ျပဟန႔္တားမႈမ်ားႏွင့္ စာခ်ဳပ္အသက္ဝင္ႏိုင္ေရး ေႏွာင့္ေႏွးမႈမ်ားက အာဆီယံအဖြဲ႕အေပၚ ယုံၾကည္ကိုးစားမႈကို ထိခိုက္႐ုံသာမက အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံးအေပၚကိုလည္း ယုံၾကည္ကိုးစားမႈ ကို ထိခိုက္လာေစဟု နစကႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေထာက္ျပေဝဖန္ထားသည္။
“ ဥပေဒကိုအေျချပဳေသာ အစိုးရအခ်င္းခ်င္းဆိုင္ရာအဖြဲ႕အစည္းတစ္ခုျဖစ္သည့္ အာဆီယံ၌ ယင္းသို႔ အျဖစ္မ်ိဳး ထပ္မံမျဖစ္ေပၚေစေရး ျမန္မာႏိုင္ငံအေနျဖင့္ ေမွ်ာ္လင့္ပါသည္”ဟု ေၾကညာခ်က္ထုတ္ကာ ေျပာသည္။
ကမာၻ႔အႀကီးဆုံးကုန္သြယ္ေရးစာခ်ဳပ္ဟု ၫႊန္းဆိုေနၾကသည့္ ေဒသတြင္းဘက္စုံစီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈသေဘာတူစာခ်ဳပ္(Regional Comprehensive Economic Partnership- RCEP)တြင္ အာဆီယံအဖြဲ႕ဝင္ ၁၀ ႏိုင္ငံႏွင့္ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ဩစေတးလ်၊ နယူးဇီလန္ႏိုင္ငံတို႔ ပါဝင္ကာ RCEP သေဘာတူညီခ်က္သည္ကား ကမာၻ႔ လူဦးေရ၏ ၃၀ ရာခိုင္ႏႈန္းခန႔္ရွိေသာ ေဈးကြက္ႀကီးကို ကိုယ္စားျပဳသကဲ့သို႔၊ ကမာၻ႔ဂ်ီဒီပီ၏ ၃၀ ရာခိုင္ႏႈန္းခန႔္ တန္ဖိုးကိုလည္း ကိုယ္စားျပဳသည္ဟု သိရသည္။
RCEP သေဘာတူညီခ်က္ကို ၂၀၁၂ ခုႏွစ္က တရားဝင္အဆိုျပဳခဲ့ျခင္းျဖစ္ၿပီး ေနာက္ ၂၀၁၃ ခုႏွစ္အထိ ေဆြးေႏြးပြဲမ်ားမွာေႏွးေကြးေနခဲ့ေသာ္လည္း ၂၀၁၇ ခုႏွစ္အေရာက္တြင္မူ RCEP ေဆြးေႏြးပြဲမွာ အရွိန္ရလာခဲ့ၿပီး ၂၀၂၀ ႏိုဝင္ဘာတြင္ သေဘာ တူညီခ်ဳပ္ကို ႏိုင္ငံမ်ား ေရးထိုးႏိုင္ခဲ့ၾကသည္။
လက္မွတ္ေရးထိုးမႈကို ၿပီးခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရလက္ထက္ ၂၀၂၀ ႏိုဝင္ဘာလ ၁၅ရက္က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ထိုစဥ္က ဝန္ႀကီး ဦးေသာင္းထြန္းတို႔သည္ လက္ခံက်င္းပသူ အာဆီယံ အဖြဲ႕၏ အလွည့္က်ဥကၠ႒ျဖစ္ေသာ ဗီယက္နမ္ႏိုင္ငံက ေဆာင္႐ြက္သည့္ အြန္လိုင္းဗီဒီယိုစနစ္ျဖင့္ လက္မွတ္ေရးထိုးပြဲတြင္ သေဘာတူညီ ပါဝင္လက္မွတ္ထိုးထားေသာ စာခ်ဳပ္လည္း ျဖစ္သည္။
RCEP သေဘာတူညီခ်က္အႏွစ္ခ်ဳပ္က အဖြဲ႕ဝင္ ၁၅ ႏိုင္ငံအခ်င္းခ်င္းၾကား လြတ္လပ္စြာကုန္သြယ္ေရးသာမက၊ စီးပြားေရး လုပ္ငန္းေဆာင္တာမ်ားႏွင့္ ပတ္သက္၍ ဘုံစည္းမ်ဥ္းမ်ား၊ စံႏႈန္းမ်ားကို ခ်မွတ္သြားရန္ ရည္႐ြယ္ထားသည့္ သေဘာတူစာခ်ဳပ္တစ္ခုလည္းျဖစ္သည္။
“ဒီစာခ်ဳပ္မွာ ျမန္မာ မပါလာရင္ ကုန္သြယ္ေရးပိုင္း လုပ္ငန္းေတြမွာ နစ္နာတာေပါ့ ၊ ပါလာရင္ေတာ့ ကုန္သြယ္မႈေတြမွာ အားသာတာေပါ့ ” ဟု လုပ္ငန္းရွင္တစ္ဦးက မွတ္ခ်က္ျပဳသည္။
ပုံစာ။ ။ ၿပီးခဲ့သည့္ ၂၀၂၀ ႏိုဝင္ဘာ၁၅ရက္က (Regional Comprehensive Economic Partnership- RCEP) သေဘာတူညီခ်က္ကို အြန္လိုင္းဗီဒီယိုစနစ္ျဖင့္ လက္မွတ္ေရးထိုးခဲ့ၾကစဥ္။
