Friday, September 18, 2026

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့်...

နေပြည်တော်၊ စက်တင်ဘာ ၁၈ သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ်...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...
HomeCelebrities' NewsRဇာနည် ဘာသာရေး ပိုလုပ်ဖြစ်ရခြင်းအကြောင်း

Rဇာနည် ဘာသာရေး ပိုလုပ်ဖြစ်ရခြင်းအကြောင်း

သားနှစ်ယောက်ရဲ့ ဖခင်ဖြစ်သွားတဲ့R ဇာနည်အတွက် ဒုတိယ သားလေးမွေးဖွားပြီးအချိန်မှာ ပြောင်းလဲမှုတွေများစွာရှိခဲ့တယ်လို့ ဆိုပါတယ်။ မိသားစုအနေနဲ့ဘာသာရေးကိုပိုပြီးလုပ်ဖြစ်လာသလိုR ဇာ နည် ကိုယ်တိုင်လည်း ရဟန်းဝတ် ကုသိုလ်ပြုခြင်းကို သားငယ်လေးမွေးဖွား ပြီးချိန်မှာ နောက်ထပ်ပြု လုပ်ဖြစ်ခဲ့ပါတယ်။ ဒုတိယသားလေး မွေးဖွားမှုနဲ့R ဇာနည် ပြုလုပ်ဖြစ်တဲ့ ကုသိုလ်ရေးက …

”ချစ်ချစ်တုန်လေး ကိုယ်ဝန်ရှိလာတော့ မိသားစုအလှူလေးတွေပိုပြီးလုပ် ဖြစ်တယ်။ ဘုရားထီးတင်တယ်။ အခု နောက်ဆုံးဘုန်းကြီးဝတ်တာမျိုးကိုပါ လုပ်ဖြစ်တယ်။ ဒါကတော့ သူ့ရဲ့ ကုသိုလ်ကံလို့ ပဲထင်တယ်။ ကျွန်တော်ဆို ဘုန်းကြီးမဝတ်တာကြာပြီ။ အခုချစ်ချစ်တုန်မွေးပြီးတော့ ကိုယ့်ရဲ့မွေးနေ့မှာဘုန်းကြီးဝတ်ဖြစ်တယ်။ အရင်က ဆိုဘဝမှာစိတ်လွတ် ကိုယ်လွတ်နေတဲ့အချိန်ကများတယ်။ အခုတော့ ကိုယ့်ရဲ့စိတ် ကိုအရင်ကထက်ပိုပြီး ထိန်းနိုင်တာမျိုးတွေရှိတယ်” လို့R ဇာနည်ကပြောပြပါ တယ်။

ဖခင်ဖြစ်သူR ဇာနည်ရဲ့ နေ့စဉ်လှုပ်ရှားမှုအချိန်ဇယားက ပြောင်းလဲမှု တွေ များစွာရှိခဲ့ပါတယ်။သူငယ်ချင်းအဆိုတော်တွေနဲ့လည်း ကလေးချင်း ဆော့ဖို့ချိန်းကြတယ်လို့ဆိုတဲ့Rဇာနည်က…

”ကျွန်တော်က ကလေးနှစ် ယောက် ဖခင်ဖြစ်လာတော့ တစ်ဖက်က သီချင်းလည်းဆို၊ တစ်ဖက်က ကလေးလည်းထိန်းပေါ့ဗျာ။ သားဖစ်ဖစ်တုန်ကို လည်း ကျွန်တော်က သူငယ်ချင်းလိုပဲ ပေါင်းသင်းဆက်ဆံပါတယ်။ သူ လည်း ကိုယ့်ကိုသူငယ်ချင်းလို ပေါင်းသင်းဆက်ဆံလို့ရတယ်။ ဒါပေမဲ့ ကိုယ် မကြိုက်တာမျိုးကိုတော့ ဖခင်တစ်ယောက်အနေနဲ့ ကိုယ်မလုပ်စေချင်တာမျိုးကိုတော့သေသေချာချာသတ်သတ်မှတ် မှတ်လေးပြောပြတယ်။ အဲဒီအခါမှာလည်းသူကလည်း နားထောင် ပါ တယ်။ အခုနောက်ပိုင်းတော့သူငယ်ချင်းတွေနဲ့ တွေ့ရင် လည်းကလေးတွေဆော့ဖို့အတွက်ချိန်းဆိုကြ တယ်ပေါ့။ ဇော်ပိုင်တို့၊ ဖိုးကာတို့၊ ဟဲလေး တို့နဲ ဆုံ ချင်ရင်ကလေးအကြောင်း ပြပြီးလူကြီး တွေ့ကြ၊ ဆုံကြတာ ပေါ့”လို့ပြောပြပါတယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071