Friday, May 16, 2025

ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ပျ-က်စီးမှုများကို ရုရှားပညာရှင်များကလည်း...

နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများနှင့် ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှု အခြေအနေများကို ရုရှားနိုင်ငံမှ ပညာရှင်များ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပေးမည့် အကြောင်းကို...

ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး...

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ယနေ့မေ(၁၆)ရက်၌ ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး သူများအား ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကိုလည်းဆောင်ရွက်ပေးလျက်ရှိပြီး...

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ...

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...
HomeCelebrities' NewsPrivacy ထိန်းချုပ်ခံရတဲ့ Application...

Privacy ထိန်းချုပ်ခံရတဲ့ Application မှ တဆင့် ငွေချေးပြီး အရှက်ကွဲခဲ့ရကြောင်း ပြန်လည်ဖြေရှင်းလာတဲ့ ဒါရိုက်တာရာဇဝင်ကို 

ဒါရိုက်တာ ရာဇဝင်ကို ရဲ့ ငွေချေးယူမှုနဲ့ပတ်သက်ပြီး တခြားသော အနုပညာရှင် များ ကို ဖုန်းဆက်ဆဲဆို ခြင်းနဲ့ပတ်သက်ပြီး ဒါရိုက်တာရာဇဝင်ကို က တစ်ပါးသူဆီက ချေးယူခြင်းမပြုလုပ်ချင်တဲ့ အတွက် စကားမပြောရတဲ့ Application ကနေ ချေးဌားမိခဲ့ကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

“ကျွန်တော်ကသူတို့ကိုအတိုးပေးရတာ ၄၅ရာခိုင်နှုန်းလောက်ပေးရတာ။ငါးသောင်းချေးရင် သူတို့ကသုံးသောင်းပတ်ဝန်းကျင်လောက်ပဲပေးပြီး အတိုးကိုတစ်ခါတည်းနှုတ်ထားတာ။သူတစ်ပါးဆီကပိုက်ဆံချေးရတာအရမ်းရှက်တယ်။ကိုယ်ရှိရင်သာပေးလိုက်ချင်တာ။ဒီတော့ကျွန်တော်ကစကားတွေအများကြီး မပြောရတဲ့ Application ကနေတဆင့် ငွေချေး လိုက်တာလို့”ဒါရိုက်တာ ရာဇဝင်ကို က ငွေချေးယူဖြစ်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။

အရေပြားမှိုစွဲတဲ့ တပည့်တစ်ယောက်ကို ဆေးကုပေးချင်တဲ့ ဆန္ဒနဲ့ ငွေချေးယူမိခဲ့ပြီး အဆိုပါချေးငွေ လုပ်ငန်း မှာ ငွေချေးပါက ကိုယ်တိုင် အသုံးပြုနေတဲ့ဖုန်း ရဲ့ Privacy ကို ထိန်းချုပ်ခံနိုင်မှသာချေးယူလို့ရတယ်လို့ ဒါရိုက်တာရာဇဝင်ကို က “ ကင်မရာ Access လုပ်ပေးရတယ်။ဖုန်းရဲ့ Location ကို Access လုပ်ပေးရတယ်။ဖုန်း နံပတ်တွေ ပုံတွေ SMS တွေကအစ အကုန်ထိန်းချုပ်ထားခဲ့တာပါ။ဒီအတွက် ကျွန်တော်နဲ့ အလုပ်လုပ်ဖူးတဲ့ဖုန်းနံပတ်တွေကိုလိုက်ဆက်ပြီးပြောတာပါ။”လို့ ရှင်းပြလာပါတယ်။

ဒါရိုက်တာ ရာဇဝင်ကို က ဆိုရှယ်မီဒီယာကို မသုံးဖြစ်တာ တစ်နှစ်ကျော် ပြီဖြစ်တဲ့အတွက် ယခုလို အနုပညာရှင်များထံလိုက်လံဖုန်းဆက်တဲ့အကြောင်းများကိုမသိရှိဘဲ သရုပ်ဆောင် ဝါဝါအောင် မှ ဖုန်းဆက်ပြောပြမှသာ သိခဲ့ရတာလို့ပြောပါတယ်။

အလှမယ် သရုပ်ဆောင် ထက်ထက်ထွန်း က သူမလူမှုကွန်ယက် စာမျက်နှာ မှာ ဒါရိုက်တာ ရာဇဝင်ကို ရဲ့ငွေချေးယူမှုကြောင့် ဆဲဆို ခံရကြောင်းတင်ခဲ့ပြီး သူမရဲ့ စာအောက်မှာလည်း အနုပညာရှင်များစွာ ကလည်း ယခုလိုထပ်တူပြောဆိုခံရတယ်လို့ရေးသားထားလာတာတွေ့ရပါတယ်။

ဒါရိုက်တာ ရာဇဝင်ကို က ဟာသရုပ်ရှင်ဇာတ်ကားကြီး များ နဲ့ ပရိသတ်အားပေးမှုရရှိတဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်ကို မလုပ်ဖြစ်သေးဘူးလို့သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ပျ-က်စီးမှုများကို ရုရှားပညာရှင်များကလည်း စစ်ဆေးပေးမည်

နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများနှင့် ငလျင်ဒဏ်သင့် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှု အခြေအနေများကို ရုရှားနိုင်ငံမှ ပညာရှင်များ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးပေးမည့် အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov (မစ္စတာ အစ်စကန်ဒါ အာဇီဇော့)က ပြောကြားခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးရာတွင် ငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့်  အဆောက်အဦးများကို ဆန်းစစ်တိုင်းတာမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်  နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပါဝင်ဆောင်ရွက်မည်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ရုရှားနိုင်ငံမှ သိပ္ပံအကယ်ဒမီပညာရှင်များမှလည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ ထိခို-က်ပျ-က်စီးမှုအခြေအနေများကို စစ်ဆေးပေးသွားမည်ဖြစ်ကာ...

ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး ပြုလုပ်ပေး

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ယနေ့မေ(၁၆)ရက်၌ ပန်းခင်းစီမံချက်အဆင့်(၃)အဖြစ် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျ-က်စီး/ပျေ-ာက်ဆုံး သူများအား ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကိုလည်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးမကောင်းသူများအား အိမ်‌တိုင်ရာရောက် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ယနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့သွား ရောက်၍ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ပေးနေမှုအပေါ် ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ Jiang Bin ကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပိုင်းများအတွင်း တရုတ်နှင့်ရုရှားကြားဆက်ဆံရေးသည် ယခင်ကထက်တိုးတက်လာပြီး မကြာခဏဆိုသလို အကြီးပိုင်းတာဝန်ရှိသူများ၏တွေ့ဆုံဖလှယ်မှုများ၊ အရေးပါသော ပူးတွဲလေကြောင်းကင်းလှည့်မှုနှင့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများဖြင့် ဆက်ဆံခဲ့ကြပြီး အရေးကြီးသည့် အထိမ်းအမှတ်ပွဲများကျင်းပရာ၌လည်း အချင်းချင်းအားပေးကူညီခဲ့ကြသည်ဟုလည်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏လမ်းညွှန်မှုအောက်၌ တရုတ်စစ်တပ်အနေဖြင့် အရေးပါသော တရုတ် - ရုရှားမိတ်ဖက်ပူးပေါင်းဆက်ဆံရေးကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071