ယနေ့ ဇူလိုင် ၁၁ ရက် နံနက်ပိုင်းအချိန်က မြဝတီမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ရဲစိုက်ခင်းအပိုင်ရပ်ကွက်အတွင်း ရေဝင်ရောက်နေသည့် မြင်ကွင်းဖြစ်သည်။
ယမန်နေ့ ညနေပိုင်းအချိန်ကစ၍ ယနေ့ မွန်းလွဲပိုင်းအချိန်အထိ မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် ရေလျှဲနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
” သူက မြစ်ရေတတ်တာမဟုတ်ဘူး၊ မိုးများလို့ ရေလျှံနေတာ။ ရေဆင်းဖို့ကလည်း ရေဆင်းမြောင်းတွေပိတ်နေတော့ ရေတင်နေတာပေါ့။ အခုမိုးကလည်းဆက်တိုက်ရွာနေသေးတယ်။”ဟု ဆိုသည်။
အဆိုပါ ရဲစခန်းစိုက်ခင်းအပိုင်ရပ်ကွက်အတွင်း အိမ်ခြေ ၈၀ ခန့် ရှိသည်ဟု ဆိုသည်။
