Monday, June 2, 2025

မြစ်ကြီးနားမြို့ မြစ်ရေ ပြန်လည်ကျဆင်းလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေမှာ ယနေ့ ဇွန်(၂)ရက် နံနက် (၁၀)နာရီခွဲ နောက်ပိုင်းအချိန်၌ ပြန်လည်ကျဆင်းလာပြီဖြစ်သည်ဟု မြစ်ကြီးနားမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက...

မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ မန်းချောင်းရေများတက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်းရွှေစက်တော်ဘုရားကြီး၏ အောက်စက်တော်ရာရင်ပြင်တော်ပေါ်သို့ ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက မန်းချောင်းရေများတက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ "ရေကအတော်တက်လာတယ်လို့ပြောရမယ်။ အောက်စက်တော်ရာရင်ပြင်ပေါ်မှာတော့...

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအတွက် အကူအညီများလိုအပ်ပါက...

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအတွက် အကူအညီများလိုအပ်ပါက တောင်းခံနိုင်ကြောင်း မန္တလေးတိုင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ သဘာဝဘေးအရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့က အသိပေးထားသည်။ ထိုသို့ အကူအညီများ တောင်းခံရာတွင် ကချင်ပြည်နယ်အတွင်းရှိ အရေးပေါ်ဖုန်းနံပါတ်များသို့...

ရေးကြီး၍ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် အရှေ့ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့အား...

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး (MMAID)အနေဖြင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မိုးကြီး၍ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် ရပ်ကွက်အချို့အား (၁)ရက်စာ အစားအသောက်နှင့် ရေသန့်ဘူးများပေးဘအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယမန်နေ့က...

PHOTO NEWS

မန်းရွှေစက်တော်ဘုရားပွဲသို့ ရိုးရာမပျက်လှည်းယာဥ်များဖြင့်သွားရောက်

မကွေးတိုင်း၊မင်းဘူးခရိုင်၊မင်းဘူး(စကု)မြို့နယ်၊မင်းလှကျင်းကျေးရွာမှ ဒေသခံများသည် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ရိုးရာမပျက်လှည်းယာဥ်များဖြင့် သွားရောက်ခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။
(ယခုနှစ်တွင် လှည်းယာဥ်အစီး ၂၀ ခန့်ဖြင့် သွားရောက်ခဲ့ကြကြောင်း သိရသည်။)

Photo-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့ မြစ်ရေ ပြန်လည်ကျဆင်းလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေမှာ ယနေ့ ဇွန်(၂)ရက် နံနက် (၁၀)နာရီခွဲ နောက်ပိုင်းအချိန်၌ ပြန်လည်ကျဆင်းလာပြီဖြစ်သည်ဟု မြစ်ကြီးနားမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။ ယနေ့ နံနက်ပိုင်း (၄)နာရီအချိန်တွင် မြစ်ကြီးနားမြို့ဧရာဝတီမြစ်ရေမှာ အတက်အကျမရှိဘဲ ငြိမ်သက်နေရာမှ နံနက် (၁၀)နာရီခွဲဝန်းကျင်တွင် (၅)စင်တီမီတာခန့် ပြန်လည်ကျဆင်းလာခြင်းဖြစ် ကြောင်း ဆိုသည်။ "ရေစကျပြီလို့ ပြောလို့ရပါတယ်။ စကျကျခြင်းမှာ အကျတော့နှေးမှာပါ။ နာရီဝက်အတွင်းမှာ ငါးစင်တီမီတာလောက် ကျတယ်ဆိုရင် မဆိုးပါဘူး၊ တစ်နာရီကို တစ်ဆယ်စင်တီမီတာလောက်သွားမယ့်သဘောရှိတယ်။ ဘယ်လောက်ဆက်ကျမလဲဆိုတာ ကျွန်တော့်တို့ ဆက်ကြည့်‌နေပါတယ်။ ရေကျတာတော့သေချာသွားပါပြီ"၎င်းက ပြောကြားသည်။ မြစ်ကြီးနားမြို့တွင်...

မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာရင်ပြင်ပေါ်သို့ မန်းချောင်းရေများတက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန်းရွှေစက်တော်ဘုရားကြီး၏ အောက်စက်တော်ရာရင်ပြင်တော်ပေါ်သို့ ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက မန်းချောင်းရေများတက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ "ရေကအတော်တက်လာတယ်လို့ပြောရမယ်။ အောက်စက်တော်ရာရင်ပြင်ပေါ်မှာတော့ ရေတွေဝင်နေပြီ။ အခြေအနေကိုစောင့်ကြည့်နေရတဲ့အနေ အထားပါ။ အောက်စက်တော်ရာရဲ့ ခြေတော်ရာဖန်အုပ်ဆောင်းရှေ့မှာလည်းရေတွေဝင်နေတယ်။ မနှစ်ကလည်း သြဂုတ်လထဲမှာ ရေတက်သေးတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ မန်းရွှေစက်တော်ဘုရား၏ (၂၅၉၁)ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော်အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ(၇၅) ရက်ကြာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ Photo-လွှမ်းဝေ

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအတွက် အကူအညီများလိုအပ်ပါက တောင်းခံနိုင်

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအတွက် အကူအညီများလိုအပ်ပါက တောင်းခံနိုင်ကြောင်း မန္တလေးတိုင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ သဘာဝဘေးအရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့က အသိပေးထားသည်။ ထိုသို့ အကူအညီများ တောင်းခံရာတွင် ကချင်ပြည်နယ်အတွင်းရှိ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သလို သက်ဆိုင်ရာမြို့နယ်များအလိုက် အသင်းရုံး အခြေစိုက်နေရာများသို့လည်း လာရောက်ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟိုကော်မတီ)၏ သဘာဝဘေး အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး အဖွဲ့အား မန္တလေးတိုင်းဒေသကြီးကော်မတီမှ ကြီးကြပ်အုပ်ချုပ်ကာ အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက် အသင့်စုဖွဲ့ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ကချင်ပြည်နယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ထံအရေးပေါ် ဆက်သွယ်အကူအညီတောင်းခံလိုပါက ဖုန်းနံပတ် 09.881433881 (မြစ်ကြီးနားရုံး)၊ 09-424724477 (မြစ်ကြီးနားရုံး)၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071