Saturday, April 25, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ဆက်လက်ပံ့ပိုးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိပြော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် နေပြည်တော်သို့တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ ရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ယနေ့...

အောင်ဆန်းဆရာတော်ကြီးက မြန်မာ-လာအို ချစ်ကြည်ရေးအသင်းသို့ကြွရောက်ချီးမြှင့်

ဧပြီ ရက်နေ့ နံနက် ၅နာရီခွဲက မြန်မာ-လာအို ချစ်ကြည်ရေး အသင်း ရန်ကုန်ရုံးရှိ ရုံးခန်း၌ ဘုရားအနေကဇာတင်ပွဲကျင်းပခဲ့သည်။ လာအိုနိုင်ငံ လောင်ဖရာဘန်ပြည်နယ် သံဃာ့ရာဇာဆရာတော်က မြန်မာနိုင်ငံမှ...

၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း...

  ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅...

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု...
HomeEducationPeace Corps အဖွဲ့...

Peace Corps အဖွဲ့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ရပ်ဆိုင်းမှု အခြေခံပညာကျောင်းသားများအတွက် နစ်နာမှုဖြစ်စေခဲ့

Peace Corps အဖွဲ့ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ရပ်ဆိုင်းမှု အခြေခံပညာကျောင်းသားများအတွက် နစ်နာမှုဖြစ်စေခဲ့

မြန်မာနိုင်ငံမှာ ၂ဝ၁၆ ခုနှစ်ကစပြီး အင်္ဂလိပ်စာ သင်ကြားပို့ချပေးတဲ့ လုပ်ငန်းတွေ စတင်ခဲ့တဲ့Peace Corps အဖွဲ့က မြန်မာနိုင်ငံအတွင်း ၎င်းတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းကို အကူအညီပေးဖို့ရည်ရွယ်ချက်နဲ့ ၁၉၆၁ ခုနှစ်မှာ အမေရိကန် သမ္မတ John F Kennedy ဖွဲ့စည်းပေးခဲ့တဲ့ အမေရိကန် Peace Corps စေတနာ့ဝန်ထမ်းအဖွဲ့ကြီးဟာ နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှာ စေတနာ့ဝန်ထမ်းပေါင်း ၂ သိန်း ၄ သောင်း ကျော် နဲ့ လူမှုအသိုင်းအဝိုင်းကို အထောက်အကူပြုနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း အင်္ဂလိပ်စာ သင်ကြားပို့ချပေးဖို့ စေတနာ့ဝန်ထမ်း ၈၇ ယောက်အထိ စေလွှတ်ပေးခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ၂၀၂၀ ပြည့် မတ်လ နောက်ပိုင်းကစပြီ ခေတ္တရပ်နားထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

Peace Corps အမှုဆောင် အရာရှိချုပ် Carol Spahn က မတည်ငြိမ်မှုတွေ၊ ဆူပူမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ပေါ်ပေါက် နေပြီး စေတနာ့ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းကင်း အလုပ်လုပ်နိုင်မှာ မဟုတ်တာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းမှာဖြစ်ကြောင်းတနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုထားတာရှိပါတယ်။

ဒါ့အပြင် Peace Corps စေတနာ့ဝန်ထမ်းတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ မလုပ်နိုင်ပေမဲ့ ကမ္ဘာတလွှားက ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိတ်ချရတဲ့ နေရာတွေမှာ အလုပ်လုပ်ကြမှာ ဖြစ်ကြောင်းနဲ့ တချိန်ချိန် မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာရင်တော့ လုပ်ငန်းတွေ ပြန်စမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာ့ပညာရေးအကဲခတ်တွေကတော့ Peace Corps စေတနာ့ဝန်ထမ်းတွေ မြန်မာနိုင်ငံကနေ စွန့်ခွာသွားခြင်းက အခြေခံပညာကျောင်းသားတွေရဲ့ အင်္ဂလိပ်စာသင်ယူမှုတွေအပေါ် နစ်နာမှုဖြစ်စေတယ်လို့ ထောက်ပြကြပါတယ်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ဆက်လက်ပံ့ပိုးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိပြော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် နေပြည်တော်သို့တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ ရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ယနေ့ ဧပြီ ၂၅ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်မှုအပေါ်ဝမ်းမြောက်ကာ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပံ့ပိုးမည်ဟု ဆွေးနွေးပြောကြားသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုအခြေခံသည့် မြန်မာနိုင်ငံက ယုံကြည်အားကိုးနိုင်လောက်သော အိမ်နီးချင်းနိုင်ငံအဖြစ် ရပ် တည်မည်ဖြစ်ကာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်လိုပြီး နှစ်နိုင်ငံကြား အပြန်အလှန်နားလည်မှုနှင့်...

အောင်ဆန်းဆရာတော်ကြီးက မြန်မာ-လာအို ချစ်ကြည်ရေးအသင်းသို့ကြွရောက်ချီးမြှင့်

ဧပြီ ရက်နေ့ နံနက် ၅နာရီခွဲက မြန်မာ-လာအို ချစ်ကြည်ရေး အသင်း ရန်ကုန်ရုံးရှိ ရုံးခန်း၌ ဘုရားအနေကဇာတင်ပွဲကျင်းပခဲ့သည်။ လာအိုနိုင်ငံ လောင်ဖရာဘန်ပြည်နယ် သံဃာ့ရာဇာဆရာတော်က မြန်မာနိုင်ငံမှ မဟာကမ္မဌာနစရိယ၊အဂ္ဂမဟာကမ္မဌာနစရိယ ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရအား ဗုဒ္ဓပူဇာအနေဖြင့် ကပ်လှူသည့် ဆင်းတုတော်အား အောင်ဆန်းဆရာတော်ကြီးမှ မြန်မာ-လာအို ချစ်ကြည်ရေး အသင်းရုံးခန်းတွင် ပူဇော်ရန် ပြန်လည်ချီးမြှင့်ကာ ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနား ပြုလုပ်၍ အသင်းဥက္ကဌ ဦးဝင်းမောင်၊ ဒုတိယ ဥက္ကဌ ဦးမျိုးအောင်၊ အထွေထွေအတွင်းရေးမှုး...

၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားပြတ်တောက်နေခြင်းဖြစ်

  ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅ ရက်ည ၈ နာရီ ၄ မိနစ်ခန့်က အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ် အားအမြန်ဆုံးပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဝန်ထမ်းများက အပြစ်ဖြစ်ပွားခဲ့သည့် ဓာတ် အားလိုင်းကို အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြု ပြင်နိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071