ပြည်ပထွက်ခွာမည့် အလုပ်သမားများ အခက်အခဲမရှိစေရန် OWIC စီစစ်သည့်အရေအတွက် တိုးပြီးခွင့်ပြုပေးနေခြင်းကြောင့် ပွဲစားများဖြင့် မပြုလုပ်ရန် Safe Migration က အသိပေးထားသည်။
ဦးစီးဌာနအနေဖြင့် အများပြည်သူများ အခက်အခဲမရှိစေရေးအတွက် စိစစ်၍ လူဦးရေများကို တိုးပြီးခွင့်ပြုပေးနေသည့်အပေါ် ပွဲစားများမှ အခွင့်ကောင်းယူကာ ဌာနမှဝန် ထမ်းများကိုပေးရသည့် သဘောဖြင့် အခကြေးငွေများ အ ဆမတန် တောင်းခံနေကြောင်း Safe Migration ကဆိုသည်။
သို့သော် ဦးစီဌာနအနေဖြင့် တင်ပြလာသူများကို မှတ်ပုံတင်စနစ်ဖြင့် အစဉ်လိုက်ခွင့်ပြုပေးနေတာဖြစ်ကြောင်း၊ တင်ပြရမည့် Form ပုံစံနမူနာများကို Facebook page တွင်တင်ထားခြင်းဖြစ်သလို Form တွင် ပူးတွဲပေးရမည့် စာရွက်စာတမ်းများကို မိမိကိုယ်တိုင်သေချာစွာပြင်ဆင်၍ တင်ပြမည်ဆိုပါက မည်သည့်ကုန်ကျစရိတ်မျှမရှိဘဲ လွယ်ကူလျင်မြန်စွာဖြင့် ခွင့်ပြုမိန့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ကျွမ်းကျင်သူဖြစ်ဖြစ်၊ ခွင့်ပြန်ဖြစ်ဖြစ် ပွဲစားများကို ကြားခံဆောင်ရွက်စေခြင်းမပြုဘဲ မိမိကိုယ်တိုင်တင်ပြခြင်းဖြင့် ကုန်ကျစရိတ်များသက်သာစေရေး၊ မိမိတို့ဝန်ထမ်းများအပေါ် အထင်မြင်လွဲမှားမှုမရှိစေရေး ကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံထားသည်။
