Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeEntertainmentBusinessOnline Store တွေ၊...

Online Store တွေ၊ သီချင်းရောင်းတာတွေထက် Misic Store တွေက ပိုပြီးခေတ်စားလာပြီ ဦးကိုကိုလွင်


Legacy Music Store, Legacy Music Channel စသဖြင့် အွန်လိုင်းဘက်ကို ၂ဝ၁၄ ခုနှစ် လောက်က စတင်ခဲ့တာဖြစ်တဲ့ အ တွက် လက်ရှိအချိန်မှာ Digital Platform အားလုံးကို ထိထိရောက် ရောက်ဆောင်ရွက်ပေးနိုင်တဲ့ အနေ အထားကိုရောက်ရှိနေပြီလို့ ဦးကိုကို လွင်က ပြောပါတယ်။

“တော်တော်များများကတော့ ပြောင်းလဲလာတဲ့ စနစ်ပေါ်မှာ နား မလည်နိုင်ကြသေးတာပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်ရင်းလုပ်ရင်းနဲ့ပဲ အစ်ကို တို့ အချိန်တွေယူပြီးတော့ ရှင်းပြ ပေးပြီးတော့ ဒီအပေါ်ကနေ ရတဲ့ အခွင့်အရေးတွေ၊ ရတဲ့Revenue တွေကိုလည်း တကယ်ရှာပေးနိုင်ပြီး တော့ ဒီအပေါ်ကနေပြီးတော့ လစဉ် ဝင်ငွေတွေရ လာကြတဲ့အခါကျတော့ ပိုပြီးယုံကြည်လာတာပေါ့။ ပိုပြီး ယုံကြည်လာတော့ အခုတော့ တ ဖြည်းဖြည်းနဲ့ အများစုက အစ်ကိုတို့နဲ့ လက်တွဲလုပ်ပြီးတော့ လတ်တလော မြန်မာပြည်မှာတော့ Digital Platform အားလုံးကို အစ်ကိုတို့က တော်တော်လေးကို ထိထိရောက် ရောက်ဆောင်ရွက်ပေးနိုင်တဲ့ အနေ အထားရောက်သွားပြီ” လို့ သူက ဆို ပါတယ်။

လာမယ့်နှစ်ကာလတွေမှာ မြန်မာနိုင်ငံရဲ့ Music Digital Platform တွေက ဘယ်လိုပုံစံမျိုးနဲ့ သွားဖြစ်နေမလဲဆိုတာ ဦးကိုကိုလွင်ရဲ့အမြင် ကိုမေးဖြစ်တဲ့အခါ …

“အစ်ကိုတို့က များသောအား ဖြင့် International နဲ့ ယှဉ်ရင်နောက်ကျတာများ ပါတယ်။ ဘာပဲဖြစ်ဖြစ် သွားတဲ့လမ်းကတော့ မြင်နေရပြီ။ သူများနိုင်ငံတွေ International မှာ ဘယ်တုန်းကဘာတွေဖြစ်တယ်။ အခု ဘာဖြစ်နေတယ်။ နောင်ကို ဘာ ဖြစ်မလဲမြင်နေရပြီဆိုရင် ကိုယ်က အဲဒီအတွက်ကို ကြိုတင်ပြင်ဆင်လို့ ရပြီ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက် ကဆိုရင်စီဒီတစ်ခုတည်းမရတော့ ဘူး။ အွန်လိုင်းကနေကျန်တဲ့ဝင်ငွေရရှိမယ့်လမ်းကြောင်းအသစ်တွေရှာမှ ရတော့မယ်ဆိုတာမြင်နေရတော့ အဲဒီအတိုင်း အစ်ကိုတို့ကလုပ်ခဲ့တယ်။ အခုဆိုရင်လည်း Online Store တွေ၊ သီချင်းရောင်းတာတွေထက် Streaming တွေက ပိုပြီးခေတ်စား လာပြီ။ Streaming က သူများနိုင်ငံ မှာက နှစ်ပေါင်းများစွာကြာပြီ။ ဒီမှာ တော့ အခုခေတ်စားလာပြီ။ အဲဒီလိုပဲ နောင်ဆိုရင်ရောင်းတာမဟုတ်ဘဲနဲ့ ကိုယ့်သီချင်းကို ဘယ်သူတွေကို ပေးနားထောင်မလဲ။ သွယ်ဝိုက်သော နည်းနဲ့ သီချင်းနဲ့ပတ်သက်တဲ့ အကျိုး အမြတ်တွေပြန်ရမလဲ။ ဒီလိုပုံစံတွေ ပြောင်းလာတာပေါ့။ Music Industry တစ်ခုလုံးကတော့ လွန်ခဲ့တဲ့နှစ် တွေကထက်စာရင် အများကြီးပြောင်း လဲသွားပြီ။ စစချင်းမှာ ထုတ်လုပ်သူ တွေစသိတယ်။ နောက်ပိုင်းမှာ အနု ပညာရှင်တွေကအစ သိလာတယ်။ ဝင်ငွေရရာရကြောင်းလမ်းကြောင်း တွေက ပြောင်းလဲသွားပြီဆိုတာ သိ သွားပြီ။ အဲဒီတော့ ဒီအပေါ်မှာက အရင်က ထက်စာရင် လုပ်လို့ကိုင်လို့ ပိုပြီးကောင်းလာပါတယ်။ အားလုံးက သဘောပေါက်လာကြပြီဆိုတော့ သူ တို့လုပ်တဲ့ Product အားလုံးက ဒီ ဘက်ကိုပိုပြီးတော့ပြောင်းလဲအောင် လုပ်နေကြပြီပေါ့” လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်

Ads Space Available


Continue reading

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။ " စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်" ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေစဥ် နှစ်နိုင်ငံအစည်းအဝေးကျင်းပပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် အစည်းအဝေး၌ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visiststump အား ယနေ့ ဇန်နဝါရီ ၂၆ ရက်မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအား နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံမှပါဝင်လေ့လာခဲ့မှုနှင့် မဲဆန္ဒရှင်များအနေဖြင့် မည်သည့်တိုက် တွန်းချက်မှမပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအလျောက်လာရောက်ဆန္ဒမဲများပေးကြသည်ကိုတွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071