ယခု မတ်လ (၈)ရက်တွင် ကျင်းပပြုလုပ်မည့် ONE Fight Night -29 ပွဲစဉ်တွင် ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦးနှင့် ရုရှားဖိုက်တာ Kovtun တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်သည်။
ယခုပွဲစဉ်သည် စိုးလင်းဦး၏ (၆)ကြိမ်မြောက် ယှဉ်ပြိုင်ထိုးသ-တ်ရမည့် ပွဲစဉ်တစ်ခုဖြစ်ပြီး ၎င်း၏ အိမ်အပြန်လမ်း မည်သို့ရှိမည်ကို ပရိတ်သတ်က စိတ်ဝင်တစားစောင့်ကြည့်နေသည်။
ယခုပွဲစဉ်သည် (၁၄၅)ပေါင် ဘမ်တန်ဝိတ်တန်းတွင် ပွဲတည်ထားခြင်းကြောင့် စိုးလင်းဦးအနေဖြင့် ဝိတ်ပြန်တင်ထိုးရမည့် အခြေအနေဖြစ်သည်။
စိုးလင်းဦး၏ ONE Championship ဖိုက်တာဘ၀ စွမ်းဆောင်ရည်အနေဖြင့် မွေထိုင်းဖိုက်တာ ဆက်ဆန်နှင့် နာဘီးလ်တို့ကို (၂) ပွဲဆက် ရှုံးနိမ့်ထားပြီး၊ ပွန်ဆရီ၊ ဖေဘီယိုနှင့် စူဟာရှိတို့ကို အနိုင်ရရှိထားကာ (၅)ပွဲထိုး(၃)ပွဲနိုင် (၂)ပွဲရှုံးစံချိန်ပိုင် ဆိုင်ထားသူဖြစ်သည်။
ပြိုင်ဘက် ရုရှားဖိုက်တာ Kovtun သည်လည်း စူအာဘလက်၊ ဖရာရီ ဖဲတက်တို့ကို အနိုင်ရရှိထားပြီး၊ နွန်တချိုင်းကို ရှုံးနိမ့်ကာ (၃) ပွဲထိုး (၂)ပွဲနိုင် (၁)ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားသူဖြစ်သည်။
စိုးလင်းဦးအား ONE ဘက်မှ ပြီးခဲ့သည့် နှစ် ဇူလိုင် (၂၂)ရ က်တွင် ဒေါ်လာတစ်သိန်းတန်စာချုပ် ချုပ်ဆိုထားပြီးနောက် ဆက်တိုက် ပွဲထွက်ခွင့်ရနေခြင်းဖြစ်သည်။
