Tuesday, February 10, 2026

“ထိုက်သူပန်”အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် (၃)ရက်တိုင် ယာဥ်စီးခအခမဲ့ဖြင့် ကုသိုလ်ဖြစ်ပြေးဆွဲပေးမည်

"ထိုက်သူပန်"အဆင့်မြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လာမည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ဖေဖော်ဝါရီ ၁၂ ရက်နှင့် ဖေဖော်ဝါရီ ၁၃ ရက် (၃)ရက်တိုင်ယာဥ်စီးခအခမဲ့ဖြင့်...

မဟာမုနိဘုရားကြီး၏ (၃၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

မန္တလေးမြို့၏အထင်ကရဖြစ်သော မဟာမုနိဘုရားကြီးတွင် ယနေ့ ဖေဖော်ဝါရီ ၉ ရက်က (၃၂)ကြိမ်မြောက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအဖြစ် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ပင့်သံဃာတော်(၅၅၀)ပါးအား ဆွမ်းဆန်တော်၊ အရံလှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ခဲ့ကြသည့် မြင်ကွင်းပုံရိပ်များ-

မုန်တိုင်းဒ-ဏ် ခံစားခဲ့ရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံက...

ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒ-ဏ် ထိခိုက်ခံစားခဲ့ရသည့် သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံက လှုဒါန်းသည့် ဆန်တန်ချိန် (၅၀၀) ၊ အိတ် ၁၀,၀၀၀ ကို ယနေ့ ဖေဖေါ်ဝါရီ...

ဒလတံတား ဖြတ်သန်းအသုံးပြုခ ဖေဖော်ဝါရီ ၁၂...

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားဖြတ်သန်းအသုံးပြုခကို ယာဉ်အမျိုးအစား Class ၄ မျိုးခွဲကာ ဈေးနှုန်းများ သတ်မှတ်၍ ဖေဖော်ဝါရီ ၁၂ ရက်မှ...
HomeNewsLocal NewsONE Friday Fights...

ONE Friday Fights 143 ပွဲစဥ်အတွင်း ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် အစ္စရေးဖိုက်တာ ရှီးယားကိုဟန် ယှဉ်ပြိုင်ထိုးသ-တ်မည်

ONE Friday Fights 143 ပွဲစဥ်အတွင်း ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့် အစ္စ ရေးဖိုက်တာ ရှီးယားကိုဟန်တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်ဟု ယနေ့တွင် ONE က တရားဝင်ထုတ်ပြန်လာပြီဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ဖေဖော်ဝါရီ (၂၀) ရက်နေ့၌ ယှဉ်ပြိုင်ထိုးသ-တ်မည်ဟု အသိပေးလာပြီဖြစ်ကာ အစ္စရေးဖိုက်တာ ရှီးယားကိုဟန်သည် ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်း လေ့ကျင့်နေသည့် ဖဲတပ်စ်ကလပ်တွင် လေ့ကျင့်ပြင်ဆင်နေသူလည်းဖြစ်သည်။

“မကြာခင်တိုက်ရတော့မယ်”ဟု ဘရော်နီကာ က သူမ၏ ဖေ့စ်ဘွတ်စာ မျက် နှာတွင် ယမန်နေ့ က ရေးသားမျှဝေအပြီး ယနေ့တွင် ONEဘက်က တရားဝင်ချပြလာခြင်းဖြစ်သည်။

အစ္စရေးဖိုက်တာ ရှီးယားကိုဟန်သည် ပြိုင်ဘက်ဖြစ်သူ ဘရော်နီကာနှင့် နှိုင်းယှဉ်ပါက မာဂုဏ်ကွာခြားခြင်းကြောင့် မည်သို့ ယှဉ်ပြိုင်ကစားသွားကြမည်ကို ပရိတ်သတ်က စိတ်ဝင်စားမှုမြင့်တက်နေသည်။

ပွဲစဉ်အတွင်း အနိုင်ရသည့် ဖိုက်တာအနေဖြင့် ONE ချန်ပီယံလုပွဲ ကစားသွားရမည်ဖြစ်ကာ၊ ပက်ဂျီချာ သို့မဟုတ် ရိုဒီဂွက်စ် အလီရှာ နှစ်ဦးနက်တစ်ဦးဖြင့်ထိပ်တိုက်တွေ့ဆုံဖွယ်ရှိသည်ဟု သုံးသပ်ပြောဆိုနေကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“ထိုက်သူပန်”အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် (၃)ရက်တိုင် ယာဥ်စီးခအခမဲ့ဖြင့် ကုသိုလ်ဖြစ်ပြေးဆွဲပေးမည်

"ထိုက်သူပန်"အဆင့်မြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လာမည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ဖေဖော်ဝါရီ ၁၂ ရက်နှင့် ဖေဖော်ဝါရီ ၁၃ ရက် (၃)ရက်တိုင်ယာဥ်စီးခအခမဲ့ဖြင့် ကုသိုလ်ဖြစ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန်ခရီးစဥ်အားခရီးသည်(၁၀၀)ဦး၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်အား ခရီးသည်(၅၀)ဦးတို့ဖြင့် ညနေ ၅ နာရီ၊ ရန်ကုန်-မန္တလေးခရီးစဥ်အား ခရီးသည်(၄၀)ဦး၊ မန္တလေး-ရန်ကုန်ခရီးစဥ်အား ခရီးသည်(၄၀)ဦးတို့ဖြင့် ည ၇ နာရီတွင် စတင်ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် နေပြည်တော်-ရန်ကုန်ခရီးစဥ်အား ခရီးသည်(၅၀)ဦး၊ ရန်ကုန်-နေပြည်တော်ခရီးစဥ်အား ခရီးသည်(၅၀)ဦးဖြင့်...

မဟာမုနိဘုရားကြီး၏ (၃၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

မန္တလေးမြို့၏အထင်ကရဖြစ်သော မဟာမုနိဘုရားကြီးတွင် ယနေ့ ဖေဖော်ဝါရီ ၉ ရက်က (၃၂)ကြိမ်မြောက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအဖြစ် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ပင့်သံဃာတော်(၅၅၀)ပါးအား ဆွမ်းဆန်တော်၊ အရံလှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ခဲ့ကြသည့် မြင်ကွင်းပုံရိပ်များ-

မုန်တိုင်းဒ-ဏ် ခံစားခဲ့ရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံက ဆန်တန်ချိန် (၅၀၀) လှုဒါန်း

ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒ-ဏ် ထိခိုက်ခံစားခဲ့ရသည့် သီရိလင်္ကာနိုင်ငံပြည်သူများအတွက် မြန်မာနိုင်ငံက လှုဒါန်းသည့် ဆန်တန်ချိန် (၅၀၀) ၊ အိတ် ၁၀,၀၀၀ ကို ယနေ့ ဖေဖေါ်ဝါရီ ၉ ရက်နေ့၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဆန်တန်ချိန် ၅၀၀ ကို သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာဝါဆန်သာ ဆာမာရာဆင်ဟဲထံသို့ ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သီရိလင်္ကာကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071