လာမည့် ဇွန်လ (၁၃) ရက်တွင် ကျင်းပပြုလုပ်မည့် ONE Lumpinee -112 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သွေးလင်းထက်အနေဖြင့် အိမ်ရှင်မွေထိုင်းဖို-က်တာ ခရစ်ပက်ချ်နှင့် ဒုခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်သည်။
ပြိုင်ဘက်ဖြစ်သူ ခရစ်ပက်ချ်သည် ONE တွင် (၅)ပွဲထိုး (၃) ပွဲရှုံး (၂)ပွဲ နိုင်ရလဒ်ပိုင်ဆိုင်ထားသည့် မာဂုဏ်မြင့် ဖို-က်တာတစ်ဦး ဖြစ်သည်။
ယခုပွဲစဉ်အတွင်း ရိုးရာဖိုက်တာ (၃) ဦးအထိ ပါဝင်ထိုးသ – တ်သွားမည်ဖြစ်ကာ၊ ရိုးရာဖိုက်တာ မိုးထက်အောင်နှင့်မျက်နှာသစ် ရိုးရာဖိုက်တာ စောမင်းမင်းဆိုသူလည်း ပါဝင်လာသည်။
ရိုးရာဖိုက်တာ မိုးထက်အောင်မှာ မွေထိုင်းဖိုက်တာ ခွန်ဖုန်နွိုင်နှင့် တွဲဆိုင်း (၆) ဆိုင်းမြောက်တွင် ယှဉ်ပြိုင်ထိုးသ-တ်ရမည်ဖြစ်ကာ ပြိုင်ဘက်ဖြစ်သူ ခွန်ဖုန်နွိုင်မှာ ONE တွင် (၇)ပွဲထိုး၊ (၅)ပွဲနိုင် (၂)ပွဲ ရှုံး ရလဒ်ပိုင်ဆိုင်ထားကာ ချက်ထရီက ချီးမြှင့်သည့် ဘောနပ် (၃) ကြိမ်ရရှိထားသူ ဖြစ်သည်။
အလားတူ မျက်နှာသစ် ရိုးရာဖိုက်တာ စောမင်းမင်းမှာ သြဇီဖိုက်တာဂျော့ရှ်ဆိုသူဖြင့် တွဲဆိုင်း (၄) ဆိုင်းမြောက်တွင် ပါဝင်ထိုးသ-တ်သွားမည်ဖြစ်ပြီး ပြိုင်ဘက် (၂)ဦးစလုံးမှာ ONE တွင် ထိုးသ-တ်ဖူးသည့် မှတ်တမ်းမရှိသေးသူများဖြစ်သည်။