Novavax မှ ထုတ်တဲ့ ကိုဗစ်၁၉ကာကွယ်ဆေးကို WHO မှ အရေးပေါ်အသုံးပြုမှုစာရင်းတွင် ထည့်သွင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ဟာ အမေရိကန် ဆေးဝါးကုမ္ပဏီ Novavax မှထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ၄င်းရဲ့အရေးပေါ်
အသုံးပြုမှုစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
WHO ဟာ ၄င်းရဲ့ဘေးကင်းမှုနဲ့ ထိရောက်မှုကို အတည်ပြုပြီးနောက် သောကြာနေ့မှာ Covovaxကို စာရင်းထဲ ထည့်ခဲ့တာပါ။
ကာကွယ်ဆေးကို Novavax လိုင်စင်အောက်မှာရှိတဲ့ The Serum Institute of India က ထုတ် လုပ်တာ ဖြစ်ပြီးပုံမှန်ရေခဲသေတ္တာတွေမှာ သိမ်းဆည်းနိုင်တာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ရောင်းချဖို့သင့်တော်တယ်လို့ ယူဆထားကြပါတယ်။
Novavax က ထုတ်လုပ်ထားတဲ့ အခြားကိုဗစ် ၁၉ကာကွယ်ဆေးကိုလည်း လက်ရှိမှာ အကဲဖြတ်နေကြောင်း WHO က ပြောခဲ့ပါတယ်။
Covovax ကို ကိုရိုနာဗိုင်းရပ်စ်ဖန်တီးခြင်းနဲ့ဖြန့်ဖြူးခြင်းအတွက် WHO ကဖွဲ့စည်းထားတဲ့ COVAX ရဲ့ ထောက်ပံ့မှုတွေ၊ပံ့ပိုးမှုတွေနဲ့ တီထွင် ခဲ့တာပါ။
COVAX ရဲ့အစီအစဉ်အရ ယခုနှစ်အတွင်းမှာ ကာကွယ်ဆေးအလုံးရေ ၂ဘီလီယံဖြန့်ဝေဖို့ ရည်မှန်းထားပေမယ့် ဖွံ့ဖြို့ပြီးနိုင်ငံများမှ ကာ ကွယ်ဆေးလှူဒါန်းမှုများ ရပ်တန့်နေတာကြောင့်ကာကွယ်ဆေးသန်း ၇၀၀ခန့်သာ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
WHO မှအရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကိုဗစ် ၁၉ကာကွယ်ဆေးတွေကတော့ Pfizer-BioNTech ၊ Moderna ၊ Astra Zeneca ၊ Johnson & Johnson ၊တရုတ်ဆေးဝါးကုမ္ပဏီ ၂ခုမှထုတ်တဲ့ကာကွယ်ဆေးတွေနဲ့ အိန္ဒိယကုမ္ပဏီမှ ထုတ်တဲ့ ကာကွယ်ဆေးတွေဖြစ်ပါတယ်။
Source- NHK
Photo Credit-India Today
Zaw Gyi
Novavax မွ ထုတ္တဲ့ ကိုဗစ္၁၉ကာကြယ္ေဆးကို WHO မွ အေရးေပၚအသုံးျပဳမွုစာရင္းတြင္ ထည့္သြင္း
ကမၻာ့က်န္းမာေရးအဖြဲ႕(WHO)ဟာ အေမရိကန္ ေဆးဝါးကုမၸဏီ Novavax မွထုတ္လုပ္တဲ့ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ၄င္းရဲ့အေရးေပၚ
အသုံးျပဳမွုစာရင္းမွာ ထည့္သြင္းလိုက္ပါတယ္။
WHO ဟာ ၄င္းရဲ့ေဘးကင္းမွုနဲ႔ ထိေရာက္မွုကို အတည္ျပဳၿပီးေနာက္ ေသာၾကာေန႔မွာ Covovax
ကို စာရင္းထဲ ထည့္ခဲ့တာပါ။
ကာကြယ္ေဆးကို Novavax လိုင္စင္ေအာက္မွာရွိတဲ့ The Serum Institute of India က ထုတ္ လုပ္တာ ျဖစ္ၿပီးပုံမွန္ေရခဲေသတၱာေတြမွာ သိမ္းဆည္းနိုင္တာေၾကာင့္ ဖြံ့ၿဖိဳးဆဲနိုင္ငံေတြကို ေရာင္းခ်ဖို႔သင့္ေတာ္တယ္လို႔ ယူဆထားၾကပါတယ္။
Novavax က ထုတ္လုပ္ထားတဲ့ အျခားကိုဗစ္ ၁၉ကာကြယ္ေဆးကိုလည္း လက္ရွိမွာ အကဲျဖတ္ေနေၾကာင္း WHO က ေျပာခဲ့ပါတယ္။
Covovax ကို ကိုရိုနာဗိုင္းရပ္စ္ဖန္တီးျခင္းနဲ႔ျဖန္႔ျဖဴးျခင္းအတြက္ WHO ကဖြဲ႕စည္းထားတဲ့ COVAX ရဲ့ ေထာက္ပံ့မွုေတြ၊ပံ့ပိုးမွုေတြနဲ႔ တီထြင္ ခဲ့တာပါ။
COVAX ရဲ့အစီအစဥ္အရ ယခုႏွစ္အတြင္းမွာ ကာကြယ္ေဆးအလုံးေရ ၂ဘီလီယံျဖန္႔ေဝဖို႔ ရည္မွန္းထားေပမယ့္ ဖြံ့ၿဖိဳ႕ၿပီးနိုင္ငံမ်ားမွ ကာ ကြယ္ေဆးလွူဒါန္းမွုမ်ား ရပ္တန္႔ေနတာေၾကာင့္
ကာကြယ္ေဆးသန္း ၇၀၀ခန္႔သာ ေထာက္ပံ့ေပးနိုင္ခဲ့ပါတယ္။
WHO မွအေရးေပၚအသုံးျပဳခြင့္ေပးထားတဲ့ ကိုဗစ္ ၁၉ကာကြယ္ေဆးေတြကေတာ့ Pfizer-BioNTech ၊ Moderna ၊ Astra Zeneca ၊ Johnson & Johnson ၊တ႐ုတ္ေဆးဝါးကုမၸဏီ ၂ခုမွထုတ္တဲ့ကာကြယ္ေဆးေတြနဲ႔ အိႏၵိယကုမၸဏီမွ ထုတ္တဲ့ ကာကြယ္ေဆးေတြျဖစ္ပါတယ္။
Source- NHK