Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeNewsLocal NewsNLD အစိုးရ လက်ထက်က...

NLD အစိုးရ လက်ထက်က MOU လုပ်ခဲ့သော နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်း၊ ဟိုတယ်နှင့် အိမ်ရာမြေ ဖော်ထုတ်ခြင်း အတွက် သဘောတူ လက်မှတ်ထိုး

NLD အစိုးရလက်ထက်က MOU လက်မှတ်ထိုးခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို႔နယ်၊ အင်းခေါင်းကျေးရွာအနီး တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းနှင့် ဟိုတယ်လုပ်ငန်းများ အပါအဝင် အိမ်ရာမြေ ဖော်ထုတ်ခြင်း စီမံကိန်းများအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ချုပ်ဆိုသည့် အကောင်အထည်ဖော်ရေးဆိုင်ရာ မူဘောင် သဘောတူစာချုပ် (FrameWork Agreement)ကို လက်ရှိ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုဝင်ဘာလ ဒုတိယပတ်က လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ကုမ္ပဏီပိုင်မြေ ၃၁၄ ဒသမ ၄၂ ဧကတွင် Heho Resort (InnKhaung) Co.,Ltd က တည်ဆောက်ရန် ၂၀၁၉ ခုနှစ်၊ ၾသဂုတ်လ (၂၇)ရက်က စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ခြင်းလုပ်ငန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာရန် ချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးခဲ့ကာ ယခုအခါ မူဘောင်သဘောတူစာချုပ် FrameWork Agreement လက်မှတ်ရေးထိုး ခြင်းလည်း ဖြစ်သည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းနှင့် ဟိုတယ်လုပ်ငန်းများ အပါအဝင် အိမ်ရာမြေ ဖော်ထုတ်ခြင်း စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ်သန်း ၄၀၀၀ ဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်အတွင်း တွင် အိမ်ရာ စီမံကိန်းလုပ်ငန်း(၁၆)ခု၊ ဟိုတယ်နှင့် အပန်းဖြေစခန်း စီမံကိန်း(၄)ခု၊ ရုပ်မြင်သံကြား စတူဒီယို တည်ဆောက်ရေး စီမံကိန်း(၁)ခု၊ အခြားစီးပွားရေးလုပ်ငန်း စီမံကိန်း(၉)ခု၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း စီမံကိန်း(၄၂)ခု ဖြစ်ကြောင်း၊ ယင်းတွင် MoA(၂၈)ခု၊ MoU(၄၂)ခု၊ FrameWork Agreement (၃)ခုတို႔ကို လုပ်ဆောင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ႔ ၏ မှတ်တမ်းများ အရ သိရသည်။

ဟဲဟိုးသည် ယခင်က ဓနုတိုင်းရင်းသားများ နေထိုင်သော ရွာတစ်ရွာသာဖြစ်ပြီး ၁၉၂၀ ပြည့်နှစ်မှစတင်၍ မြို႔အဖြစ် ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်ထက် ၃၈၅၈ ပေ တည်ရှိပြီး စိုက် ပျိုးရေးကို အဓိကထားသော ဒေသလည်း ဖြစ်သည်။ ယခုအခါ ရှမ်းပြည်နယ်သို႔လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များ တစ်ထောက်နားရာမြို႔ဖြစ်ကာ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ရှမ်း၊ ဗမာ၊ အင်းသား စသည့်တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် အနက် ဓနုတိုင်းရင်းသား အများဆုံး နေထိုင်သော မြို႔ ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071