Saturday, December 13, 2025

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...
HomeInternationalNCTအဖွဲ့ဝင်ဟောင်းတေးအိုင်လ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၃...

NCTအဖွဲ့ဝင်ဟောင်းတေးအိုင်လ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံရ

ဆိုလ်း၊ ဇူလှိုင် ၁၁

ကေပေါ့ ယောက်ျားလေးအဖွဲ့ အန်စီတီ (NCT) ၏အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ တေးအိုင်လ် ဟုလည်းသိကြသည့် မွန်းတေးအိုင်လ်သည် ကြံရာပါ ၂ ဦးဖြင့် အရက်မူးနေသော အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ဇူလိုင်လ ၁၀ ရက် နေ့က ထောင်ဒဏ် သုံးနှစ်နှင့် ခြောက်လ ချမှတ်ခံခဲ့ရသည်။

ဆိုလ်းဗဟို တရားရုံးက မွန်း ၃၁ နှစ်ကို မုဒိမ်းမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

ကျူးလွန်သူ နှစ်ဦး သို့မဟုတ် ထို့ထက်ပိုသော ကျူးလွန်သူများသည် သတိလစ်မေ့မြောနေသော သို့မဟုတ် ခုခံနိုင်စွမ်းမရှိသော သားကောင်ကို မုဒိမ်းကျင့်မှုဖြင့်စွဲချက်တင်ခြင်း အကျုံးဝင်ပါသည်။ လီ နှင့် ဟွန် ဟု အမည်ပေးထားသည့် ပူးတွဲတရားခံများသည်လည်း အလားတူ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။

စီရင်ချက်ချပြီးနောက် သုံးဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ တရားရုံးသည် ၎င်းတို့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကုသရေး အစီအစဉ်ကို နာရီ ၄၀ တက်ရောက်ရန်လည်း အမိန့်ပေးခဲ့သည်။

“တရားခံတွေက အရက်မူးပြီး ခုခံနိုင်စွမ်းမရှိတဲ့ သားကောင်ကို လိင်ပိုင်းဆိုင်ရာအပြုအမူများ တလှည့်စီ ကျူးလွန်ခဲ့ကြတယ်။ သက်သေထွက်ဆို ချက်များအရ ထိုအမျိုးသမီးသည် အလွန်အမင်း အရက်မူးနေပြီး ခုခံနိုင်စွမ်း မရှိခဲ့‌ပေ။ ထိုပြစ်မှုသည် ကြီးလေးသည့် ပြစ်မှုတစ်ခုဖြစ်သည်” ဟု တရားရုံးက ဆိုသည်။ “မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တစ်ဦး အဓမ္မပြုကျင့်ခံရတာက စိတ်ပိုင်းဆိုင်ရာ ထိခို-က်မှု အတော်လေးရဖွယ်ရှိပါတယ်”ဟုလည်း တရားရုံးကထပ်မံ ဖော်ပြထားသည်။

သို့သော်လည်း တရားရုံးက သုံးဦးစလုံးသည် ပထမဆုံးအကြိမ် ကျူးလွန်သူများဖြစ်ကြပြီး စွဲချက်များကို ဝန်ခံခဲ့ကြကာ ကျူးလွန်ခံရသူနှင့်လည်း ပြေလည်မှုရရှိခဲ့ကြောင်း သိရ၍ တရားရုံးက အဆိုပါအချက်များကိုထည့်သွင်းစဉ်းစားခဲ့သည်။

အဆိုပါကိစ္စသည် ဆိုးလ်မြို့ရှိ ညဘက်အပန်းဖြေနေရာတစ်ခုဖြစ်သည့် အီထဲဝန်တွင် ၂၀၂၄ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခုဖြစ်ပြီး မွန်းနှင့် ၎င်း၏အသိမိတ်ဆွေများသည် ဘားတစ်ခုတွင် ထိုတရုတ်အမျိုးသမီးနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အတူတူသောက်ကြပြီးနောက် သူသည် အပြင်းအထန်မူးလာခဲ့ပြီး မွန်းသည် သူ့အား လီ နှင့်အတူ တက္ကစီတစ်စီးထဲသို့ ကူညီထည့်ပေးခဲ့ပြီး လီ၏ အိမ်သို့ခေါ်ဆောင်သွားခဲ့သည်။ မွန်း နှင့် ဟွန် တို့သည် သီးခြားစီလိုက်ကြပြီး အဓမ္မပြုကျင့်မှုသည် လီ ၏နေအိမ်တွင် ဖြစ်ပွားခဲ့သည်။

ဇွန်လတွင် အစိုးရရှေ့နေများသည် တရားခွင်အတွင်း တရားခံတစ်ဦးစီအတွက် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။ မွန်း သည် ပထမအကြိမ် ကြားနာမှုတွင် စွဲချက်အားလုံးကို ၀န်ခံခဲ့သည်။

မွန်း ၏အေဂျင်စီဟောင်းဖြစ်သော အက်စ်အမ် ဖျော်ဖြေရေး အဖွဲ့ (SM Entertainment) သည် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် အန်စီတီ (NCT) မှထွက်ခွာကြောင်းကြေငြာခဲ့ပြီး ထိုအချိန်တွင် “အဆိုပါကိစ္စရပ်၏ ဆိုးရွားမှုကြောင့်၊သူသည်အဖွဲ့ဝင်အဖြစ်လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းကျွန်ုပ်တို့ဆုံးဖြတ်ခဲ့သည်။”ဟုပြောကြားထားသည်။

မွန်း သည် ၂၀၁၆ ခုနှစ်တွင် အန်စီတီ(NCT) ၏ ပထမဆုံးယူနစ်ဖြစ်သော NCT U ဖြင့် ပွဲဦးထွက်ခဲ့ပြီး နောက်ပိုင်းတွင် ယူနစ်ခွဲ အန်စီတီ ၁၂၇ အဖွဲ့(NCT 127) သို့ ဝင်ရောက်ခဲ့သည်။
Ref: သည်စတွိတ်စ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး  ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။ လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071