NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအားစစ်ဆေးပြီးနောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့်ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မ တော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)မှ အ ကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်လောင်းဆွေဇင်ဖြိုးဝေအား အကောင်းဆုံးဗိုလ်လောင်းဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ ချီးမြှင့်ပေးအပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် တွေ့ဆုံဆွေး နွေးမှုတိုင်းတွင် NCA နှင့်ပတ်သက်၍ အလေးအနက်ထားပြောကြားခဲ့ခြင်းမှာ NCA စာချုပ်သည် နိုင်ငံအ တွက်အရေးတကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်နေရန်ဖြစ်သည်ဟု မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အ ခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန် ကြေညာခဲ့ကာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ရန် ဖိတ်ခေါ်မှုများကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ခဲ့သော်လည်း NCA တွင် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့သည် NCA ပါ ကတိကဝတ်များကိုလိုက်နာမှုမရှိဘဲ သိသိသာသာချိုးဖောက်နေကြသည့်အပြင် အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ရောက်ရှိလာခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခ များကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးက ဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဥပဒေနှင့်မညီသည့် လက်နက်ကိုင်အကြမ်းဖက်များ၏တောင်းဆိုမှုများအပေါ်လိုက်လျောဖြေလျှော့ ပေးမည်မဟုတ်ဘဲ ရွေးကောက်ပွဲကျင်းပမည့် ကာလအတွင်း၌လည်း ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအ တွက် အမြဲတမ်း စစ်ရေး အသိ၊ စစ်ရေးသတိရှိနေကြရန်လိုသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
