Friday, January 2, 2026

နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထားများ ပြေးဆွဲလျက်ရှိ

နှစ်သစ်ကူးရုံးပိတ်ရက်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး အထူးရထားများ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အထူးရထားခရီးစဉ်များအနေဖြင့် ရန်ကုန် - နေပြည်တော်နှင့် ရန်ကုန်...

စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း (၂) ကို...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် (၁၁) မြို့နယ်၌ ပြုလုပ်မည် ဖြစ်သည်။ ယင်း မြို့နယ် (၁၁) မြို့နယ်ရှိ...

ခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် ခရီးသွားပြပွဲများပြုလုပ်မည်‎မြန်မာနိုင်ငံသို့ ‎ခရီးသွားဧည့်သည်များ...

လက်ရှိ၌လည်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေနိုင်ရန် ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာလျက်ရှိနေသည်။ ထိုကဲ့သို့ ပြုလုပ်မည့် ပြပွဲများသည် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ပကတိအခြေအနေမှန်ကို သိရှိပြီး နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ...

ယခုတစ်ပတ် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ပြောင်းလဲမှုမရှိ

ယခုသီတင်းပတ်ကာလဖြစ်သည့် ဇန်နဝါရီ (၂)ရက်နေ့မှ (၈)ရက်နေ့အထိ ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် ပြီးခဲ့သည့်အပတ်က ရည်ညွှန်းဈေးနှုန်းအတိုင်း တစ်ပိဿာကျပ် (၆၀၆၀) ဖြစ်ပြီး ပြောင်းလဲမှုမရှိကြောင်း...
HomeNewsLocal News‎Myanmar Women League...

‎Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-11 ပွဲစဉ်များအပြီး ISPE အသင်းက ရမှတ် (၂၅) မှတ်ဖြင့် ဦးဆောင်နေ

ဆီးဂိမ်းပြိုင်ပွဲများအပြီး ပြန်လည်စတင်ခဲ့သည့် ‎Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-11 ပွဲစဉ်များအပြီးတွင် ISPE အသင်းက ရမှတ် (၂၅) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည်။

အလားတူ ဧရာဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှာ ရမှတ် (၂၄) မှတ်နှင့် ရမှတ် (၂၀) မှတ်တို့ဖြင့် အုပ်စုတွင်း ဒုတိယနှင့် တတိယ‌နေရာ၌ အသီးသီးရပ်တည်‌နေသည်။

ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်နှင့် Y.E.R.O အသင်းတို့မှာလည်း ရမှတ် (၁၉) မှတ်၊ ရမှတ် (၁၈) မှတ်နှင့် ရမှတ် (၁၀) မှတ်တို့ဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

ထို့အတူ Youn Lionesses ၊ မြဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့မှာလည်း ရမှတ် (၇) မှတ်၊ ရမှတ် (၃) မှတ်နှင့် ရမှတ်မရှိတို့ဖြင့် အသီးသီးရပ်တည်နေသည်။

ယခုနှစ် ‎Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲကို အသင်း (၉) သင်းဖြင့် ယှဉ်ပြိုင်ကစားနေပြီး၊ ဆီးဂိမ်းနှင့် နိုင်ငံတကာပွဲစဉ်များကြောင့် Myanmar Women League 2025-26 ကို ရပ်နားထားခဲ့ရပြီးနောက် ယခုပြန်လည်စတင်ယှဉ်ပြိုင်နေကြခြင်းလည်း ဖြစ်သည်။

ပုံစာ – ဧရာဝတီနှင့် ရန်ကုန်စီးတီးအသင်းတို့ပွဲစဉ်သို့ လာရောက်အားပေးခဲ့ကြသည့် ပရိသတ်ပုံရိပ်များ၏ မြင်ကွင်းပုံရိပ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထားများ ပြေးဆွဲလျက်ရှိ

နှစ်သစ်ကူးရုံးပိတ်ရက်တွင် ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး အထူးရထားများ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အထူးရထားခရီးစဉ်များအနေဖြင့် ရန်ကုန် - နေပြည်တော်နှင့် ရန်ကုန် - မော်လမြိုင် ခရီးစဉ်များကို ပြေးဆွဲ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် - နေပြည်တော်ခရီးစဉ်ကို ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီ ၃၀ တွင်( DEMU Express Train ) ကိုလည်းကောင်း၊ ရန်ကုန် - မော်လမြိုင် ခရီးစဉ်ကို ဇန်နဝါရီ ၁...

စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း (၂) ကို (၁၁) မြို့နယ်၌ ပြုလုပ်မည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် (၁၁) မြို့နယ်၌ ပြုလုပ်မည် ဖြစ်သည်။ ယင်း မြို့နယ် (၁၁) မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၃) ခု၊ မဲရုံပေါင်း (၁၁၆) ရုံဖြင့် ကျင်းပသွားမည်လည်း ဖြစ်သည်။ ထိုသို့ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ်က အပိုင်း (၂) ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ပိုမိုလွယ်ကူအဆင်ပြေအောင် အလွယ်တကူမဲပေးနိုင်ရန် စာရင်း အမှတ်စဉ်များအား ကြိုင်တင်သိရှိရန် ဆောင်ရွက်ပေးမှသာ...

ခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် ခရီးသွားပြပွဲများပြုလုပ်မည်‎မြန်မာနိုင်ငံသို့ ‎ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် ခရီးသွားပြပွဲများပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

လက်ရှိ၌လည်း ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေနိုင်ရန် ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာလျက်ရှိနေသည်။ ထိုကဲ့သို့ ပြုလုပ်မည့် ပြပွဲများသည် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ပကတိအခြေအနေမှန်ကို သိရှိပြီး နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ကြစေရေး ဆွဲဆောင်နိုင်မည်ဖြစ်ကာ ခရီးသွားလုပ်ငန်းတွင် ပုဂ္ဂလိကကဏ္ဍအချင်းချင်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်မည်ဟုလည်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ အဓိကခရီးစဉ်ဒေသကြီးများသာမက အလားအလာရှိသည့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်မြှင့်တင်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ Photo -Getty

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071