Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootballMyanmar Women League...

Myanmar Women League 2024 နောက်ဆုံး တတိယအကျော့ပွဲစဉ်အတွက် လက်ရွေးစင်ကစားသမား စုစုခင်အား ဧရာဝတီယူနိုက်တက်အသင်း ခေါ်ယူ

Myanmar Women League 2024 နောက်ဆုံး တတိယအကျော့ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်ကစားသမား စုစုခင်အား ဧရာဝတီယူနိုက်တက်အသင်းက အားဖြည့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်အသိပေးကြေညာထားသည်။

သူမသည် ယခင် ဒုတိယအကျော့ ပွဲစဉ်အထိ YREO အသင်း၏ တိုက်စစ်မှူးအဖြစ် ဝင်ရောက်ကစားနေခြင်းဖြစ်ပြီး၊ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

အသက်(၁၈)နှစ်အရွယ် မစုစုခင်သည် ရှမ်းပြည်နယ်ဖွားတစ်ဦးဖြစ်ပြီး၊ သက်တမ်းအလိုက် လက်ရွေးစင်းအသင်းများတွင်ဝင်ရောက် ကစားခဲ့သူဖြစ်ကာအိန္ဒိယအသင်းနှင့် ခြေစမ်းပွဲစဥ်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။

“ဧရာဝတီအသင်းရဲ့ ကမ်းလှမ်းမှုကိုရခဲ့လို့ ဝမ်းသာပါတယ်။ အသင်းဖော် အားလုံးကနေ သင်ယူစရာရှိတာတွေ သင်ယူဖို့ တွေးထားပါတယ်။ ဘယ်အသင်းပဲ ရောက်ရောက် အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီအပြောင်းအရွေ့ကို ခွင့်ပြုပေးခဲ့တဲ့ YREO အသင်းက ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု အသင်းပြောင်းကစားခွင့် ရသည့်အပေါ် စုစုခင်က ဆိုထားသည်။

Myanmar Women League 2024၏ နောက်ဆုံး တတိယအကျော့ပွဲစဉ်အား စက်တင်ဘာ(၆)ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း ပွဲစဉ် (၇)ပွဲအား ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇) ရက်နေ့မှ ဇွန်(၁၁)ရက်နေ့အတွင်း ပွဲစဉ် (၇)ပွဲအား လည်းကောင်း၊ ဒုတိယအကျော့အားဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀) ရက်အတွင်း ပွဲစဉ်(၇)ပွဲ ယှဉ်ပြိုင်ကစားခဲ့ကြပြီးဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း စသည့်အသင်း (၇) သင်း ပါဝင်ယှဉ်ပြိုင် ကစားနေကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071