Myanmar National League 2025-26 လက်ကျန်ပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၁၇)ကို ဖေဖော်ဝါရီ (၁၄)ရက်၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ရတနာပုံယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည် ယင်းနေ့ ညနေ (၃)နာရီခွဲအချိန်၌ သန်လျင်မြို့ရှိ သီဟဒီဟကွင်းအတွင်း ယှဉ်ပြိုင်ကြမည်ဖြစ်သကဲ့သို့ ဧရာဝတီယူနိုက်တက်နှင့် ဒဂုံပေါ့အသင်းတို့မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
Myanmar National League 2025-26 ပြိုင်ပွဲ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုတွင် နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းမှာ ရမှတ် (၄၄) မှတ်ဖြင့်အဆင့်(၁)၊ ရှမ်းယူနိုက်တက်အသင်းက နှစ်ပွဲလျော့ကစားပြီး ရမှတ် (၃၉) မှတ်ဖြင့် အဆင့်(၂)၊ ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် (၂၉)မှတ်ဖြင့် အဆင့် (၃)နေရာတွင် အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။
