Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsFootballMyanmar National League...

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်း အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေ

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မြန်မာနေရှင်နယ်ကော်မတီ၏ အသိပေးဖော်ပြချက်အရ သိရသည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရမှတ်(၄၀)ဖြင့် ရပ်တည်မှုအဆင့်(၁)၊ ရန်ကုန်ယူနိုက်တက်အနေဖြင့် ရမှတ်(၃၄) မှတ်ဖြင့် အဆင့်(၂)နှင့် ဟံသာဝတီယူနိုက်တက်မှာ ရမှတ် (၃၃)မှတ်ဖြင့် အဆင့်(၃)နေရာတို့တွင် အသီးသီး ရပ်တည်နေကြသည်။

ထို့အတူ ဒဂုံစတား ယူနိုက်တက်ရမှတ်(၂၉)မှတ်၊ ISPE ရမှတ်(၂၃)မှတ်၊ မဟာယူနိုက်တက် ရမှတ်(၁၉)မှတ်၊ ရတနာပုံယူနိုက်တက် ရမှတ်(၁၉)မှတ်၊ ဒဂုံပေါ့စ်ယူနိုက်တက် ရမှတ် (၁၂)မှတ်၊ သစ္စာအားမာန်ယူနိုက်တက် ရမှတ်(၁၁) မှတ်၊ ဧရာဝတီ ယူနိုက်တက် ရမှတ်(၁၁) မှတ်၊ မြဝတီယူနိုက်တက် ရမှတ်(၄)မှတ်၊ရခိုင်ယူနိုက်တက် ရမှတ်(၃)မှတ်ဖြင့် အဆင့်အလိုက် ရပ်တည်နေကြခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် Week-15 ပွဲစဉ်များကို ယနေ့ ဇန်နဝါရီ (၁၀)ရက်တွင် ပြန်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယနေ့တွင် အဆင့်ရပ်တည်မှု အောက်ဆုံးတွင်ရှိနေသည့် မြဝတီနှင့် ရခိုင်ယူနိုက်တက်အသင်း၊ အဆင့်ရပ်တည်မှုအဆင့် (၄)တွင်ရပ်တည်နေသည့် ဒဂုံးစတားယူနိုက်တက်အသင်းနှင့် အဆင့် (၈)တွင် ရပ်တည်နေသည့် ဒဂုံပေါ့စ် အသင်းတို့ ထိပ်တိုက်ရင်ဆိုင် ကြရမည်ဖြစ်သည်။

ရှမ်းယူနိုက်အသင်းအနေဖြင့် ဇန်နဝါရီ (၁၂)ရက်၌ သစ္စာအားမာန်အသင်းဖြင့် တောင်ကြီးမြို့တွင် ထိပ်တိုက်ရင်ဆိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို နိုင်ငံတကာဘောလုံးပြက္ခဒိန်နှင့်အညီ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲအား ဇူလိုင် (၆)ရက်မှစတင်ခဲ့ကာ ဘောလုံးကလပ်အသင်း (၁၂)သင်းပါဝင်ကစားနေကြခြင်းလည်းဖြစ်သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071