Tuesday, June 3, 2025

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို...

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC...

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး)...

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား၊...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန် ကြီးဌာန၏ အခြေခံပညာကျောင်းများအား ဇွန် ၂ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူသိန်း(၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ...
HomeNewsFootballMyanmar National League...

Myanmar National League 2024-25 ပွဲစဉ်တလျှောက် သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသည့် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေးဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဖေဖေါ်ဝါရီ (၁၃) ရက်တွင် အသိပေးထားသည်။

ရန်ကျော်ထွေးသည့် ပြီးခဲ့သည့် Week -18 ပွဲစဉ် ပြီးဆုံးချိန်မှစတင်၍ သွင်းဂိုး (၁၃)ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး၊ လာမည့် Week -20 ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၄)ရက်၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အသင်းများအလိုက်လက်ကျန်ပွဲစဉ် သုံးပွဲစီ ကစားရန်သာ ကျန်ရှိသည်။

အလားတူ Myanmar National League 2024-25 Week -19ပြီးဆုံးချိန်အထိ မဟာယူနိုက်တက် တိုက်စစ်မှူး ပက်ထရစ်(၁၂) ဂိုး၊ ဒဂုံပေါ့ တိုက်စစ်မှူး မိုဂူးကွန်စတန်တီက (၁၁) ဂိုး၊ ဒဂုံစတားယူနိုက်တက်တိုက်စစ်မှူး ဆွမ်လမ်မန်က (၁၀) ဂိုး ရရှိထားကာ ဟံသာဝတီယူနိုက်တက်တိုက်စစ်မှူး အောင်မြတ်သူနှင့် ISPE တိုက်စစ်မှူး သိန်းဇော်သီဟတို့က(၉)ဂိုးစီ အများဆုံး သွင်းယူထားနိုင်သည်။

ထို့ပြင် ပြီးဆုံးတော့မည်ဖြစ်သည့် Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အုပ်စုတွင်း အဆင့်(၁)တွင် ရှမ်းယူနိုက်တက်အသင်းက ရပ်တည်နေပြီး ရန်ကုန်ယူနိုင်တက်အသင်းက အဆင့်(၂)တွင် ရပ်တည်နေသည်။

လက်ရှိ ကျင်းပနေသည့် Myanmar National League 202 4-25 ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ကျင်းပနေခြင်းဖြစ်ပြီး၊ အသင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစား‌နေကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပနေခြင်းလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို ကယ်ဆယ်ရေး စက်တပ်လှေ (၁၀)စီးဖြင့် လေ့ကျင့်ပြင် ဆင်နေခြင်းဖြစ်ပြီး၊ မော်လမြိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း လေ့ကျင့်ပြင်ဆင်ကြခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော မေ(၂၈)ရက်ကလည်း ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC ဆရာတော်က နွေးထွေးစွာကြိုဆိုနှုတ်ဆက်တော်မူခဲ့သည်။

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး) တွင်သင်တန်းသားများခေါ်ယူ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် လက်ရက်ကန်းသင်တန်းကာလမှာ ဇူလိုင်လ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ (၆)လ သင်တန်းကာလဖြစ်ပြီး သင်တန်းသားဦးရေမှာ (၁၀) ဦးဖြစ်ကြောင်း ပညာအရည်အချင်းအနေဖြင့် အခြေခံပညာမူလတန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး အသက် (၁၆) နှစ်မှ (၂၅)နှစ်အတွင်း အိမ်ထောင်မရှိသူ အပျို/လူပျိုဖြစ်ရမည် ဖြစ်သည်။ အဆိုပါ သင်တန်းဝင်ခွင့်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071