Myanmar National League 2024- 2025 Week-2 အပြီး အမှတ်ပေးဇယားရပ်တည်ချက်အရ ရန်ကုန်ယူနိုက်တက်အသင်းမှာ ရမှတ်(၆)မှတ် ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။
အလားတူ ဟံသာဝတီ ယူနိူက်တက်အသင်းနှင့် ရှမ်းယူနိုက်အသင်းတို့မှာလည်း ရမှတ်(၆)မှတ်စီ ရရှိထားသော်လည်း ဂိုးကွားခြားချက်ကြောင့် ဒုတိယနေရာနှင့် တတိယနေရာတွင် အသီးသီးဦးဆောင်လျက်ရှိသည်။
ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အမှတ်ပေးဇယားရပ်တည်မှုများတွင် ရတနာပုံအသင်း(၄)မှတ်၊ အား/ကာသိပ္ပံ၊ ဒဂုံစတား၊ ဒဂုံပေါ့စ်နှင့် မဟာယူနိုက်တက် အသင်းတို့မှာ ရမှတ် (၃)စီဖြင့် ဂိုးကွာခြားချက် အပေါ်မူတည်၍ ရှေ့နောက်ရပ်တည်လျက်ရှိသည်။
ထို့ပြင် ဧရာဝတီအသင်းက ရမှတ်(၁)သာ ရရှိထားပြီး၊ သစ္စာအားမာန်၊ ရခိုင်ယူနိုက်တက်နှင့် မြဝတီအသင်းတို့မှာ ရမှတ် မရရှိသေးဘဲ အမှတ်ပေးယားအောက်ဆုံးအဆင့်တွင် ရပ်တည်လျှက်ရှိသည်။
ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက်ရှိပြီဖြစ်ကာအသင်း(၁၃)သင်း ပါဝင်ယှဉ်ပြိုင်နေပြီး ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
