မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး ရိုးရာလက်ဝှေ့ပြိုင်ပွဲ (Myanmar Lethwei World Championship)ကို ဩဂုတ်လ (၁၇) ရက် မွန်းလွဲ (၂) နာရီအချိန်၌ ရန်ကုန်မြို့သိမ်ဖြူရိုးရာလက်ဝှေ့အားကစားခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။
ထိုပွဲအတွက် ကြိုတင်လက်မှတ်များ စတင်ရောင်းပေးလျက်ရှိကြောင်း သိရသည်။
ရောင်းချပေးသည့် လက်မှတ်အမျိုးအစား (၄) မျိုး ခွဲထားကာ ကျပ်တစ်သိန်းတန်း (ကြိုးဝိုင်းဧရိယာ၊ ရှေ့ဆုံးတန်း) ကျပ်ငါးသောင်းတန်းအဖြစ် (ကြိုးဝိုင်းဧရိယာ၊ နောက်ဘက်တန်း)၊ ကျပ်သုံးသောင်းတန်းအဖြစ် (လျှောက်လမ်းဧရိယာ)နှင့် ကျပ်တစ်သောင်းခွဲတန်းအဖြစ် (ရိုးရိုးတန်း-ခုံနံပါတ်မပါ၊ ရုံအပေါ်ထပ်) တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသည် ရိုးရာလက်ဝှေ့ပြိုင်ပွဲများအား ကျင်းပသော Myanmar Martial Art Group ၏ (၁၀) နှစ်ပြည့်အ ထိမ်းအမှတ်ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။
ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းအပါအဝင် ထွန်းမင်းနိုင်၊ စူပါရေချမ်းတို့ ပါဝင်ထိုးသတ်မည်ဖြစ်ပြီးပါဝင်ထိုးသတ်မည်ဖြစ်ကာ အခြားတွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
