Myanmar Lethwei World Championship ပြိုင်ပွဲအတွက် ရိုးရာဖိုက်တာ ထွန်းထွန်းမင်း အပါအဝင် ကစားသမားများအားလုံး ဆေးစစ်ဝိတ်ချိန် အောင်မြင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး ရိုးရာလက်ဝှေ့ပြိုင်ပွဲ Myanmar Lethwei World Championship ကို ယခုလ ဩဂုတ်လ(၁၇)ရက် မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ရှိသိမ်ဖြူရိုး ရာလက်ဝှေ့အားကစားခန်းမတွင်ကျင်းပသွားမည် ဖြစ်သည်။
ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းအပါအဝင် ၎င်း၏ညီဖြစ်သူ ထွန်းမင်းနိုင်၊ စူပါရေချမ်းတို့ပါဝင်ထိုးသ -တ်မည်ဖြစ်ကာ အခြားတွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် အီရန်ဖိုက်ကေဝမ်း၊ ထွန်းမင်းနိုင်နှင့် ကမ္ဘောဒီးယားဖိုက်တာ ဖန်ကရင်၊ စူပါရေချမ်းနှင့် အမေရိကန် MMA ဖိုက်တာ မာ့ခ်အန်ဘတ်တန်တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲသည် ရိုးရာလက်ဝှေ့ပြိုင်ပွဲများအား ကျင်းပသော Myanmar Martial Art Group ၏ (၁၀) နှစ်ပြည့်အ ထိမ်းအမှတ်ကျင်းပခြင်းဖြစ်သည်ဟု ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အသိပေးထားသည်။
