Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeNewsEntertainment NewsMyanmar Idol Season...

Myanmar Idol Season -3 မှ ဒိုင်အဖြစ်ဆောင်ရွက်ကြမယ့် အနုပညာရှင် ၄ ယောက်အပေါ် ပရိသတ်တို့အမြင်

ပြည်တွင်း သီချင်းဆို ပြိုင်ပွဲတွေမှာ လူကြိုက်များတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Idol Season 3 ပွဲစဉ်တွေမှာ ဒိုင်လုပ်ကြမယ့် ဒိုင်လေးယောက်အပေါ် Myanmar Idol သူ ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကို စုစည်းပြီး အိုင်ဒေါဒိုင်များနဲ့သူတို့ပရိသတ်များဆိုပြီး ဖော်ပြလိုက်ရပါတယ်။

ဆုမြတ်မွန်

Myanmar Idol ကို season- 2 လောက်မှာ စကြည့်ဖြစ်တာပါ။ ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်တွေရှိ ပေမယ့် vote တွေဘာတွေတော့ တစ်ခါမှ မပေးဖြစ်ဘူး။ အခုဒိုင်လေး ယောက်ကိုတော့ အန်ကယ်မြန်မာ ပြည်သိန်းတန်ရဲ့ ပြိုင်ပွဲဝင်တွေကို ပေးတဲ့ မှတ်ချက်တွေကဘယ်လိုပြော ရမလဲ ရှေးကနမူနာလေးတွေနဲ့ တွဲ ပြောတာဆိုတော့ နားထောင်ရတာ ကောင်းပါတယ်။ မတင်ဇာမော်ဆို လည်း တော်ပါတယ်။ ကျန်တဲ့ဒိုင်နှစ် ယောက်ကတော season- 2 မှာ မပါတဲ့အတွက် မပြောတတ်ဘူး။

လွန်းခေမံ

အခု season-3 မှာ ဒိုင်လုပ် မယ့် ဒိုင်လေးယောက်လုံးကလည်း တစ်ယောက်တစ်မျိုးစီ အားသာချက် တွေရှိကြပါတယ်။ အားလုံးကိုကြိုက် ပါတယ်။ အဲဒီထဲမှာမှ အန်ကယ် မြန်မာပြည်သိန်းတန်ကို ပိုကြိုက် တယ်။ ဘာလို့လဲဆိုတော့သူက ပြိုင် ပွဲဝင်တစ်ယောက်ချင်းစီရဲ့ အားသာ ချက်၊ အားနည်းချက်တွေကိုသေချာ လေး ရှင်းပြပေးတာကြောင့်ပါ။

ပန်းအိသာ

အခု season-3 က ဒိုင် လေး ယောက်လုံးကို ကြိုက်ပါတယ်။ သူ တို့က အဆိုတော်ဝါရင့်သမားတွေဆို တော့ အကုန်လုံးအကောင်းဆုံး ရွေးချယ်ပြီး ဆုံးဖြတ်နိုင်မယ်လို့ ထင် ပါတယ်။ ဒိုင်တွေထဲမှာတော့မတင်ဇာ မော်ကိုအကြိုက်ဆုံးပါပဲ။

သူဇာခင်

အခု season-3 ဒိုင်တွေအ ကုန်လုံးကတော့ တော်ကြပါတယ်။ မတင်ဇာမော်ရဲ့ဝေဖန်အကြံပြုချက်တွေကပြိုင်ပွဲဝင်တွေအတွက် ပညာရ စေပါတယ်။ အန်ကယ်မြန်မာပြည် သိန်းတန်ရဲ့ ဝေဖန်ချက်တွေကတော့ ပွင့်လင်းပြီးပြိုင်ပွဲဝင်တွေလည်း သူတို့ ရဲ့အမှားလေးတွေကို သတိထားပြီး ကြည့်ဖြစ်ပါတယ်။

ကိုကိုလင်း

မြန်မာပြည်သိန်းတန်ဆို တစ် နိုင်ငံလုံးကသိတဲ့ အနုပညာရှင်ကြီး တစ်ယောက်လည်းဖြစ်သလို အများ က လေးစားရတဲ့သူတစ်ယောက် လည်းဖြစ်ပါတယ်။ သူ myanmar idol ကို စတင်ရောက်လာတဲ့ အချိန် ကစပြီးတော့ ယနေ့အချိန်အထိ myanmar idol အစီအစဉ်တွေက သူ့ကြောင့်လူသိပိုများလာခဲ့ပါတယ်။ ကိုရန်လေးအပေါ် ကျွန်တော်ရဲ့ ထင်မြင်ချက်ကတော့ ကိုရန်လေး လည်း တစ်နိုင်ငံလုံးက သိထားပြီး သား အကယ်ဒမီများရှင် မင်းသား ချော၊ အဆိုတော်တစ်ယောက်ဖြစ် တာနဲ့အညီ အခ myanmar idol season -3 မှာ judge အဖြစ်ပါဝင် အကဲဖြတ်ပေးမယ်ဆိုတော့ အတိုင်း ထက်အလွန် ကောင်းမွန်တဲ့တေးသံ ရှင် အဆိုတော်တွေများကြီး မွေး ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ပါ တယ်။ မတင်ဇာကတော့ သူမပာာ အရင်ကတည်းက myanmar idol fun တွေ၊ ပရိသတ်တွေ ရင်းနှီး ပြီးသား တော်တဲ့အဆိုရှင်တစ် ယောက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘာမှပြောစရာမလိုအောင်ကို ကောင်းမယ်ဆိုတာ ယုံကြည်ပါတယ် ဗျ။ ကိုမျိုးကျော့မြိုင်ဆိုလည်း ကျွန် တော်တို့အားလုံး အားကျလေးစား ခဲ့ရတဲ့ အနုပညာရှင်တယောက်ဖြစ် ပါတယ်။ ရှေ့လျှောက်လည်း ကျွန် တော်တို့ တီဗီဖန်သားပြင်ပေါ်မှာ သူရဲ့ သုံးသပ်ချက်တွေ အမြင်တွေကို လည်း အကောင်းဆုံးမြင်တွေ့ ရမယ် လို့ ယုံကြည်ပါတယ်ဗျ။

နော်ထားလယ်ဖောဦး

Myanmar Idol ကိုတစ်ခါတစ်လေကိုယ်အလုပ်တွေအားတဲ့အခါမှာတော့ကြည့်ဖြစ်ပါတယ်။ အခု season-3 ကဒိုင်တွေကိုလည်း အ ကုန်လုံးကြိုက်ပါတယ်။ အဲ့ထဲမှာမှ အစ်မတင်ဇာမော်ကို ပိုကြိုက်တယ် ပေါ့နော်။ သူ့သီချင်းတွေဆိုလည်း နားထောင်ဖြစ်တယ်။

သီရိ

Myanmar Idol ကို ကြည့်ဖြစ် ပါတယ်။ ဒိုင်လေးယောက်လုံးကို ကြိုက်ပါတယ်။ အန်ကယ်မြန်မာပြည် သိန်းတန်ဆိုလည်းဝေဖန်ချက်တွေက ထိမိတယ်။ မတင်ဇာမော်ဆိုလည်းပြိုင်ပွဲ ဝင်တွေမှာရှိတဲ့ အားသာချက်အား နည်းချက်တွေကို သေချာထောက်ပြ နိုင်တယ်။ ကိုမျိုးကျော့မြိုင်ဆိုရင်လည်း သိပ်တော်တဲ့ အဆိုတော်တစ်ယောက် ဖြစ်တဲ့အတွက် ဒိုင်လုပ်တဲ့နေရာမှာ လည်း ကောင်းမွန်စွာဝေဖန်ဆုံးဖြတ် နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုရန် အောင်ဆိုလည်းတော်ပါတယ်။ ဒိုင် တွေထဲမှာဆိုရင် မတင်ဇာမော်ကို အကြိုက်ဆုံးပါပဲ။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071