Friday, May 23, 2025

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅...

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...
HomeCelebrities' NewsMusic နဲ့ ပတ်သက်လို့ကိုအောင်လ...

Music နဲ့ ပတ်သက်လို့ကိုအောင်လ ရှိတော့အနီးကပ် ဂျီကျလို့ရတာပေါ့ဝိုင်းစုခိုင်သိန်း


‘မယ်သီတာ’ MV ထွက်မယ်။ Birthday Show အခွေထွက်မယ်။ ပြီးတော့ နောက်ထပ်တစ်ကိုယ်တော် အခွေထွက်မယ်။ အနုပညာနဲ့ပတ် သက်ရင် ဝိုင်းစုခိုင်သိန်း ဟာလည်းလောဘကြီးတဲ့အထဲမှာ ပါပါတယ်။ ‘မယ်သီတာ’ MV ရယ်၊ Birthday Show အခွေရယ်ထက် နောက်ထွက် မယ့် တစ်ကိုယ်တော်အခွေကို သူက ပိုပြီး အားရနေတဲ့ပုံရှိပါတယ်။

”အဲဒီအခွေကို တော်တော်လေးအားရတယ်။ သီချင်းတိုင်းကို အားရ တယ်။ ဝိုင်းစုဘေးနားမှာ ရှိသမျှ လူတိုင်းကို ဖွင့်ပြတယ်။ သူတို့ အရမ်း ကြိုက်ကြတယ်။ အပုဒ်တိုင်းလိုလိုကို ကြိုက်ကြတယ်။ အဲဒီအခွေကို ထွက်ချင်နေခဲ့တာတအားပဲ။ ရှေ့မှာ ၂ ခွေ ရှိနေလို့။ ဒီအခွေမှာ ဝိုင်းစုက အားတော်တော်ပြင်းတဲ့ သီချင်းတွေ ဖြစ် နေတယ်။ ကိုယ့်အခွေကိုယ် ပြန်ပြီး တော့ တစ်ခါတလေ နားထောင်လိုက် တဲ့အခါမှာ အရမ်းမြန်မြန်ထွက်ချင် တယ်။ နောက်လဆို ထွက်ချင်တယ်။ ရှေ့က ၂ ခွေကြောင့် ဒီအခွေအားကို မမီမှာစိုးလို့ မထွက်ဖြစ်သေးတာ” လို့ ဝိုင်းစု ခိုင်သိန်းက ပြောပါတယ်။ ဝိုင်း စုခိုင်သိန်း အားရမယ်ဆိုရင်လည်း အားရစရာ ပါပဲ။ ဘာဖြစ်လို့ဆို သူ့ဘေးနားမှာ အောင်လရှိနေတာ ကိုး။ ဂီတနဲ့ပတ်သက်လို့ ပိုမိုကောင်း မွန်လာဖို့ပဲရှိပါတယ်။

”ဒီဘက် Music ပိုင်းကကျတော့လေ။ ကိုယ်ကိုယ် တိုင်ဦးဆောင် ပြီး လုပ်ရတာကိုး။ သီချင်းဆိုရင်လည်း အားထည့်ပြီး လုပ်ရ တယ်။ အခုဆိုရင် ဝိုင်းစုကိုယ့်ဘာသာကိုယ် လုပ်ချင်တဲ့ အရာလေးတွေ ရှိ တယ်။ ကိုအောင်လ ရှိတော့ ပိုပြီးအဆင်ပြေတယ်။ သူ့ကို ဘာလိုချင်တယ်။ ဘာလိုချင်တယ်ဆိုပြီး ပြောလို့ရတယ်။ သူကျတော့ အနီးကပ် ဂျီကျလို့ရ တာပေါ့နော်။ သူ့သီချင်းပဲထွက်ထွက်၊ ကိုယ့်သီချင်းပဲ ထွက်ထွက်ပေါ့။ သူ့သီချင်းထွက်လို့ ရှိရင်လည်း ကိုယ်က ကြေးများနေ တာ။ ဒီဟာ မကောင်း ဘူး။ ဟိုဟာ မကောင်းဘူး။ ဒီဟာဆို နားမထောင် ချင်ဘူးဆိုတော့ သူ လည်း ပုံစံချိန်းသွားတယ်။ အဓိကကတော့ ဝိုင်းစု သူ့ဆီကနေ ပညာ လေ့လာနေတာလည်း ပါတယ်ပေါ့။ ကိုယ်မတတ်သေး တဲ့ဟာလေး တွေ လည်း သူ့ဆီကရတာပေါ့” လို့ ဝိုင်းစုခိုင်သိန်းက ပြော ပါတယ်။

ဝိုင်းစုရဲ့ လှပခြင်းလျှို့ဝှက်ချက် က …

”အဲဒီလိုတော့ မရှိပါဘူး။ ဝိုင်းစုက အမြဲစိတ်ချမ်းချမ်းသာသာ နေတယ်။ နောက်ပြီးတော့ ဝိုင်းစုက အလှအပနဲ့ပတ်သက်ရင် မျက်နှာ ပေါင်းတင်တာတို့ ဘာတို့ တအားဝါ သနာပါတယ်။ ကိုယ့်ဘာသာကိုယ် တင် မဟုတ်ဘူး။ ဝိုင်းစုဘေးနားမှာ ရှိတဲ့သူတွေကိုလည်း ဒါလေးလုပ် ကြည့်ပါလားဆိုပြီး အမြဲအကြံပေး ဖြစ်တယ်။ နောက်ပိုင်းကြာလာလို့ ရှိ ရင် Cosmetic နဲ့ပတ်သက်ပြီး ကိုယ့် ဘာသာကိုယ်တောင် ထုတ်ဖြစ်မလား မသိဘူး။ တအား ဝါသနာပါလို့။ ဝက် ခြံပေါက်လို့ မလှဘူး ဆိုလို့ရှိရင် တောင် လုပ်ပေးချင် စိတ်ရှိတယ်။ မလုပ်ဘူးဆိုရင်တောင် ချော့ပြီးတော့ လာလုပ်ပေးမယ်ဆိုပြီးတော့ အတင်း လုပ်ခိုင်းတာ” လို့ သူက ပြောပါတယ်။

ဒါဆို ကိုအောင်လအရင်ကထက် ချောနေတာက ဝိုင်းစုကြောင့်လားလို့ ဆိုတော့ …”သူ့ကိုတော့ တော် တော်လေးဆွဲယူပြီးတော့ လုပ်ရတယ်။ သူက လုံးဝမလုပ်တဲ့လူမျိုးဆို တော့ စိတ် ကောင်းတအားဝင်နေတဲ့အချိန်မျိုးဆိုရင် သူ့အခြေအနေကြည့် ရတယ်။ စိတ်ကောင်း ဝင်နေပြီဆိုရင် ခဏထိုင်ဦးဆိုပြီးတော့ မျက်နှာ ပေါင်းတင်တာတို့ဘာတို့ လုပ်ပေးဖြစ် တယ်။ သူက တစ်ခါတလေမှ အလုပ်ခံတာ။ မရဘူး” လို့ ဝိုင်းစုခိုင်သိန်းက ပြောပြခဲ့ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅ ဦး ပျေ-ာက်ဆုံးနေသေး

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် နောက်ထပ် စက်ယန္တရားကြီးတစ်စင်းကို အခင်းဖြစ်ရာ၌ ထပ်မံအသုံးပြုခဲ့ပြီး စုစုပေါင်းနှစ်စီးဖြင့် ဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ မြေပြိုခဲ့သော်လည်း အဆိုပါဒေသသည် ဆက်သွယ်ရေးစနစ်အလွန်ညံ့ဖျင်းသဖြင့် ကယ်ဆယ်ရေးသမားများထံ သတင်းရောက်ရန် ကြန့်ကြာခဲ့ကြောင်း ပြည်နယ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှအကြီးအကဲက ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချန်ရှီမြို့မြေပြိုမှုကြာင့် လူနှစ်ဦးပိ-တ်မိနေခဲ့ကာ ဂါဝါမြို့မြေပြိုမှုကြောင့် လူ ၁၉ ဦးပိ-တ်မိနေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကြာသပတေးညကိုးနာရီအထိ အဆိုပါမြို့နှစ်မြို့ရှိ ပိ-တ်မိနေသူများအနက် ချန်ရှီ၌‌ေ-သဆုံးသူနှစ်ဦးနှင့်ဂါဝါ၌‌ေ-သဆုံးသူနှစ်ဦးရှိလာကာ စုစုပေါင်း လေးဦး‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။ သဘာဝဘေးကြိုတင်ကာကွယ်လျှော့ချရေးနှင့် ကယ်ဆယ်ရေး နိုင်ငံတော်ကော်မရှင်က ပြင်းထန်သည့်ရေကြီးမှုနှင့် ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များ အထူးသဖြင့် မြေပြိုမှုများအတွက် အဆင့် ၄ ရှိသည့် ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်မှုတစ်ရပ်ကိုလည်းစတင်ခဲ့သည်။ အဆိုပါကော်မရှင်သည် ရေဘေးသင့်ဒေသများသို့ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ကိုစေလွှတ်ထားပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက ‌ေ-သဒဏ်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။ အထက်တန်းကျောင်းသူသည် မိခင်ဖြစ်သူနှင့် နေထိုင်သူဖြစ်ပြီး မတ် (၁၉)ရက်၊ နံနက်ပိုင်းက အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မိခင်ဖြစ်သူ အပြင်သွားနေစဉ် အဓမ္မပြုကျင့် သ-တ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ‌ေ-သဆုံးသူ၏ နေအိမ်နှင့် ကျောချင်းကပ် နေထိုင်သည့် အိမ်နီးချင်း အမျိုးသားကို မင်္သကာမှုဖြင့် ရဲတပ်ဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071