Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeCelebrities' NewsMusic နဲ့ ပတ်သက်လို့ကိုအောင်လ...

Music နဲ့ ပတ်သက်လို့ကိုအောင်လ ရှိတော့အနီးကပ် ဂျီကျလို့ရတာပေါ့ဝိုင်းစုခိုင်သိန်း


‘မယ်သီတာ’ MV ထွက်မယ်။ Birthday Show အခွေထွက်မယ်။ ပြီးတော့ နောက်ထပ်တစ်ကိုယ်တော် အခွေထွက်မယ်။ အနုပညာနဲ့ပတ် သက်ရင် ဝိုင်းစုခိုင်သိန်း ဟာလည်းလောဘကြီးတဲ့အထဲမှာ ပါပါတယ်။ ‘မယ်သီတာ’ MV ရယ်၊ Birthday Show အခွေရယ်ထက် နောက်ထွက် မယ့် တစ်ကိုယ်တော်အခွေကို သူက ပိုပြီး အားရနေတဲ့ပုံရှိပါတယ်။

”အဲဒီအခွေကို တော်တော်လေးအားရတယ်။ သီချင်းတိုင်းကို အားရ တယ်။ ဝိုင်းစုဘေးနားမှာ ရှိသမျှ လူတိုင်းကို ဖွင့်ပြတယ်။ သူတို့ အရမ်း ကြိုက်ကြတယ်။ အပုဒ်တိုင်းလိုလိုကို ကြိုက်ကြတယ်။ အဲဒီအခွေကို ထွက်ချင်နေခဲ့တာတအားပဲ။ ရှေ့မှာ ၂ ခွေ ရှိနေလို့။ ဒီအခွေမှာ ဝိုင်းစုက အားတော်တော်ပြင်းတဲ့ သီချင်းတွေ ဖြစ် နေတယ်။ ကိုယ့်အခွေကိုယ် ပြန်ပြီး တော့ တစ်ခါတလေ နားထောင်လိုက် တဲ့အခါမှာ အရမ်းမြန်မြန်ထွက်ချင် တယ်။ နောက်လဆို ထွက်ချင်တယ်။ ရှေ့က ၂ ခွေကြောင့် ဒီအခွေအားကို မမီမှာစိုးလို့ မထွက်ဖြစ်သေးတာ” လို့ ဝိုင်းစု ခိုင်သိန်းက ပြောပါတယ်။ ဝိုင်း စုခိုင်သိန်း အားရမယ်ဆိုရင်လည်း အားရစရာ ပါပဲ။ ဘာဖြစ်လို့ဆို သူ့ဘေးနားမှာ အောင်လရှိနေတာ ကိုး။ ဂီတနဲ့ပတ်သက်လို့ ပိုမိုကောင်း မွန်လာဖို့ပဲရှိပါတယ်။

”ဒီဘက် Music ပိုင်းကကျတော့လေ။ ကိုယ်ကိုယ် တိုင်ဦးဆောင် ပြီး လုပ်ရတာကိုး။ သီချင်းဆိုရင်လည်း အားထည့်ပြီး လုပ်ရ တယ်။ အခုဆိုရင် ဝိုင်းစုကိုယ့်ဘာသာကိုယ် လုပ်ချင်တဲ့ အရာလေးတွေ ရှိ တယ်။ ကိုအောင်လ ရှိတော့ ပိုပြီးအဆင်ပြေတယ်။ သူ့ကို ဘာလိုချင်တယ်။ ဘာလိုချင်တယ်ဆိုပြီး ပြောလို့ရတယ်။ သူကျတော့ အနီးကပ် ဂျီကျလို့ရ တာပေါ့နော်။ သူ့သီချင်းပဲထွက်ထွက်၊ ကိုယ့်သီချင်းပဲ ထွက်ထွက်ပေါ့။ သူ့သီချင်းထွက်လို့ ရှိရင်လည်း ကိုယ်က ကြေးများနေ တာ။ ဒီဟာ မကောင်း ဘူး။ ဟိုဟာ မကောင်းဘူး။ ဒီဟာဆို နားမထောင် ချင်ဘူးဆိုတော့ သူ လည်း ပုံစံချိန်းသွားတယ်။ အဓိကကတော့ ဝိုင်းစု သူ့ဆီကနေ ပညာ လေ့လာနေတာလည်း ပါတယ်ပေါ့။ ကိုယ်မတတ်သေး တဲ့ဟာလေး တွေ လည်း သူ့ဆီကရတာပေါ့” လို့ ဝိုင်းစုခိုင်သိန်းက ပြော ပါတယ်။

ဝိုင်းစုရဲ့ လှပခြင်းလျှို့ဝှက်ချက် က …

”အဲဒီလိုတော့ မရှိပါဘူး။ ဝိုင်းစုက အမြဲစိတ်ချမ်းချမ်းသာသာ နေတယ်။ နောက်ပြီးတော့ ဝိုင်းစုက အလှအပနဲ့ပတ်သက်ရင် မျက်နှာ ပေါင်းတင်တာတို့ ဘာတို့ တအားဝါ သနာပါတယ်။ ကိုယ့်ဘာသာကိုယ် တင် မဟုတ်ဘူး။ ဝိုင်းစုဘေးနားမှာ ရှိတဲ့သူတွေကိုလည်း ဒါလေးလုပ် ကြည့်ပါလားဆိုပြီး အမြဲအကြံပေး ဖြစ်တယ်။ နောက်ပိုင်းကြာလာလို့ ရှိ ရင် Cosmetic နဲ့ပတ်သက်ပြီး ကိုယ့် ဘာသာကိုယ်တောင် ထုတ်ဖြစ်မလား မသိဘူး။ တအား ဝါသနာပါလို့။ ဝက် ခြံပေါက်လို့ မလှဘူး ဆိုလို့ရှိရင် တောင် လုပ်ပေးချင် စိတ်ရှိတယ်။ မလုပ်ဘူးဆိုရင်တောင် ချော့ပြီးတော့ လာလုပ်ပေးမယ်ဆိုပြီးတော့ အတင်း လုပ်ခိုင်းတာ” လို့ သူက ပြောပါတယ်။

ဒါဆို ကိုအောင်လအရင်ကထက် ချောနေတာက ဝိုင်းစုကြောင့်လားလို့ ဆိုတော့ …”သူ့ကိုတော့ တော် တော်လေးဆွဲယူပြီးတော့ လုပ်ရတယ်။ သူက လုံးဝမလုပ်တဲ့လူမျိုးဆို တော့ စိတ် ကောင်းတအားဝင်နေတဲ့အချိန်မျိုးဆိုရင် သူ့အခြေအနေကြည့် ရတယ်။ စိတ်ကောင်း ဝင်နေပြီဆိုရင် ခဏထိုင်ဦးဆိုပြီးတော့ မျက်နှာ ပေါင်းတင်တာတို့ဘာတို့ လုပ်ပေးဖြစ် တယ်။ သူက တစ်ခါတလေမှ အလုပ်ခံတာ။ မရဘူး” လို့ ဝိုင်းစုခိုင်သိန်းက ပြောပြခဲ့ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့ သီလဝါစက်မှုဇုန်ရှိ Good Brothers(United Agri)တန် ၅၀၀ ကျဆန်စက်ကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United Agri) တန် ၅၀၀ ကျဆန်စက်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများသည် ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင် ငံသား (၄၁)ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ သတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၁) ဦးအနက် မလေးရှားနိုင်ငံသို့ ဆတ်လက်ထွက်ခွာမည့် အမျိုးသား (၃၃) ဦးပါဝင်ပြီး၊ အမျိုးသမီး (၈)ဦးမှာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှာနိုင်ငံသို့ ဆက်လက် ထွက်ခွာမည့်အမျိုးသား (၃၃)ဦးမှာ တစ်ဦးလျှင် ပွဲစားခဘတ် (၅၅,၀၀၀)ပေးခဲ့ရပြီး ၊ အမျိုးသမီး (၈)ဦးမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071