Wednesday, May 21, 2025

တောင်အာဖရိက ဂျီ ၂၀ ထိပ်သီးအစည်းအဝေး...

လော့ဆန်းဂျလိစ်၊မေ ၂၁ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုနှစ်နှောင်းပိုင်း၌ တောင်အာဖရိကတွင်ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ သမ္မတထရမ့်ပ်တက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ "သမ္မတရော နိုင်ငံ‌‌ခြားရေးဝန်ကြီးဌာနအဆင့်ပါ တောင်အာဖရိကမှာလုပ်မဲ့ အခုနှစ် ဂျီ...

ဆန်ကိစ္စစကား‌ပြောမှား၍ဂျပန်လယ်ယာဝန်ကြီးရာထူးမှနုတ်ထွက်

သမိုင်းတလျှောက် စံချိန်တင် ဆန်ဈေးမြင့်တက်သည့်ဒဏ်ကို ခံနေရသော မဲဆန္ဒရှင်များကို ဒေါသထွက်စေခဲ့သည့် ယခုသီတင်းပတ်အတွင်းက သူ၏ မှတ်ချက်ပြု‌ပြောစကားအတွက် တာဝန်ယူသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဂျပန်လယ်ယာဝန်ကြီး...

‎မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့...

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Myanmar Pawsan Rice Foundation ကို...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများအနက်...

မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမဦးစား ပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေး ငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် သာသနိက...
HomeNewsLocal NewsMtube platform နှင့်ပတ်သက်၍လူမှုကွန်ယက်စာမျက်နှာများ၌...

Mtube platform နှင့်ပတ်သက်၍လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းမှာ လုပ် ကြံဖန်တီးထားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Mtube platform နှင့်ပတ်သက်၍လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းမှာ လုပ် ကြံဖန်တီးထားခြင်းဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

နစက မှပြုလုပ်လျက်ရှိသည့် Mtube platform နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများ၌ ပြန့်နှံ့နေသည့်သတင်းများမှာ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်သည်ဟု စက်တင်ဘာ ၁၆ ရက် (ယနေ့)တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

အဆိုပါ Mtube platform သည်စမ်းသပ်လုပ် ဆောင်ဆဲအဆင့်တွင်သာရှိနေပြီး အမှန်တကယ်အသုံးပြုထုတ်လွှင့်မည့်အချိန်အား အသိပေးထုတ်ပြန်ပေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာများ၌ နစက မှပြုလုပ်လျက်ရှိသည့် Mtube platform တွင် စက်တင်ဘာ ၁၅ ရက်ညပိုင်းနှင့်စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတို့တွင် ညစ်ညမ်းရုပ်သံတိုများပြသခဲ့သည်ဟု ရေးသားဖြန့်ဝေနေလျက်ရှိသည်။

အဆိုပါ ညစ်ညမ်းရုပ်သံတိုများအား”မူလတန်းကြိုဆရာဖြစ်သင်တန်းအတွက် ကျောင်းသားသစ်များအားကြိုဆို”ဟုသည့် သတင်းခေါင်းစဉ်အောက်တွင် ပြသထားခြင်းဖြစ်သည်ဟုလည်း ရေးသားဖြန့်ဝေထားကြသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ Facebook လူမှုကွန်ယက်စာမျက်နှာနေရာတွင် အစားထိုးရန် Social Media platform တစ်ခုအား ပြင်ဆင်လုပ်ဆောင်လျက်ရှိသည်ဟု ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်အာဖရိက ဂျီ ၂၀ ထိပ်သီးအစည်းအဝေး အမေရိက တက်မည်မဟုတ်

လော့ဆန်းဂျလိစ်၊မေ ၂၁ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုနှစ်နှောင်းပိုင်း၌ တောင်အာဖရိကတွင်ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးသို့ သမ္မတထရမ့်ပ်တက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ "သမ္မတရော နိုင်ငံ‌‌ခြားရေးဝန်ကြီးဌာနအဆင့်ပါ တောင်အာဖရိကမှာလုပ်မဲ့ အခုနှစ် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကိုတက်မှာမဟုတ်ပါဘူး၊မတက်ဘူးဆိုတာကလည်း အစည်းအဝေးအစီအစဉ်မှာပါတဲ့ အချက်တစ်ချို့ကြောင့်ပါ။ အဲဒီ အစီအစဉ်တွေက ထရမ့်ပ်အစိုးရရဲ့ ဦးစားပေး အစီအစဉ်တွေကို မထင်ဟပ်တာကြောင့်ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ တောင်အာဖရိကသမ္မတသည် ဇန်နဝါရီလကပုဂ္ဂလိကပိုင်ဆိုင်မှုများကို အများပြည်သူအကျိုးအတွက်လွှဲယူနိုင်ရေးဥပဒေကို တရားဝင်အဖြစ်ပြဌာန်းလိုက်ချိန်မှစ၍ အမေရိကနှင့်တောင်အာဖရိကအကြား ဆက်ဆံရေးဆိုးရွားလာခြင်းလည်းဖြစ်သည်။ မတ်လတွင် အမေရိကသည် တောင်အာဖရိကသံအမတ်ကြီး Ebrahim Rasool အား အမေရိကမှနှင်ထုတ်ခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုတင်းမာလာခဲ့သည်။ တောင်အာဖရိကသမ္မတ...

ဆန်ကိစ္စစကား‌ပြောမှား၍ဂျပန်လယ်ယာဝန်ကြီးရာထူးမှနုတ်ထွက်

သမိုင်းတလျှောက် စံချိန်တင် ဆန်ဈေးမြင့်တက်သည့်ဒဏ်ကို ခံနေရသော မဲဆန္ဒရှင်များကို ဒေါသထွက်စေခဲ့သည့် ယခုသီတင်းပတ်အတွင်းက သူ၏ မှတ်ချက်ပြု‌ပြောစကားအတွက် တာဝန်ယူသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဂျပန်လယ်ယာဝန်ကြီး တာကူ အီတိုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာသည် နုတ်ထွက်လိုက်သော အီတို၏ နေရာကို သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဟောင်း ရှင်ဂျီရို ကိုအီဇုမိနှင့် အစားထိုးမည်ဖြစ်ကြောင်း အင်န်အိပ်ချ်ကေနှင့် အခြားသတင်းမီဒီယာများက ဖော်ပြခဲ့သည်။ တနင်္ဂနွေနေ့က ပါတီရန်ပုံငွေရှာဖွေရေး အခမ်းအနားတစ်ခုတွင် သူ့ကိုထောက်ခံသူများက လက်ဆောင်ပေးကြ‌ေသာကြောင့် “ဘယ်တုန်းကမျှ ဆန် ဝယ်မစားရ” ဟု သူကပြောဆိုခဲ့ရာ...

‎မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်နေ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Myanmar Pawsan Rice Foundation ကို ဖွဲ့စည်းတည်ထောင်ပြီး စိုက်ပျိုးသူများအပါအဝင် ကုန်သည်၊ စက်ပိုင်အားလုံး ပါဝင်သည့် One Community တစ်ခုအဖြစ် စုဖွဲ့ပြီး၊ မျိုးကောင်းမျိုးသန့် မှ စ၍ သုတေသန အပါအဝင် အရောအနှောကင်းပြီး၊ ပစ္စည်းမှန် ၊ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သည့် မြန်မာပေါ်ဆန်းမွှေး (fragrant rice) အဖြစ် နိုင်ငံတကာစျေးကွက်ကိုပါ ခေတ်မီ ထုတ်ပိုးမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071