Wednesday, July 15, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို...

ရန်ကုန်၊ ဇူလိုင်-၁၅ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင်...

နိုင်ငံခြားသားပြည်နှင်ဒ-ဏ်ပေးသည့်ဥပဒေကြမ်းထိုင်းအစိုးရ အတည်ပြု

နိုင်ငံခြားသားများကို ပြည်နှင်ခြင်းနှင့်ပတ်သက်သော နိုင်ငံ၏ ပထမဆုံး တရားဝင်စည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာဥပဒေများကို ချိုးဖေ-ာက်သည့် နိုင်ငံခြားသားများကို နှင်ထုတ်မှု ကို...

ဘူတန်ဒုက္ခသည်အတု ဖန်တီးမှုဖြင့် နီပေါဝန်ကြီးဟောင်းများကို ထောင်ချ

ဒုက္ခသည်များအဖြစ် နိုင်ငံတကာတွင် ပြန်လည်နေရာချပေးမည်ဆိုသော လွဲမှားသည့် ကတိပြုကာ နိုင်ငံသားများကို လိမ်လည်ခဲ့မှုဖြင့် ယခင်အစိုးရဝန်ကြီးနှစ်ဦးနှင့် အခြားလူ တစ်ဒါဇင်ကျော်ကို ထောင်ဒ-ဏ်ချမှတ်ခဲ့ကြောင်း တရားရုံးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

ကော့သောင်းမြို့တွင် ကုန်သွယ်ရေးနှင့် နယ်စပ်ဂိတ်များကို တိုင်းလုံခြုံရေးဝန်ကြီး...

ကော့သောင်း၊ ဇူလိုင်-၁၄ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ ကုန်သွယ်ရေးလုပ်ငန်းများနှင့် နယ်စပ်အဝင်အထွက်ဂိတ်များကို တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကော့သောင်းမြို့သို့ ၂၀၂၆...
HomeNewsLocal NewsMSME လုပ်ငန်းရှင်များအတွက် ပုံမှန်မဟုတ်သော...

MSME လုပ်ငန်းရှင်များအတွက် ပုံမှန်မဟုတ်သော သီးခြားအာမခံပုံစံဖြင့် ချေးငွေဆောင်ရွက်ပေးသွားမည်

ပုသိမ်၊ ဇူလိုင်-၁၄

A bank အနေဖြင့် MSME လုပ်ငန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုအဖြစ် သမားရိုးကျအာမခံပုံစံမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်များ ခံသာနိုင်မည့် သီးခြားအာမခံပုံစံဖြင့် စီစဥ်ဆောင်ရွက်ပေးသွားမည်ဟု A Bank Public Company limited ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးဝင်းသန်းက ပြောသည်။

၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာတွင် A Bank ၊ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမျိုးဝင်းသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး အခြေခံ MSME လုပ်ငန်းများ အမှန်တကယ် အောင်မြင် တိုးတက်စေရန် အစိုးရ၊ ပုဂ္ဂလိက ဘဏ်များနှင့် လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် အသင်းအဖွဲ့များအားလုံး ဟန်ချက်ညီညီ “လက်တွဲမဖြုတ်တမ်း” ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသွားကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို umfcci ဥက္ကဌဦးအေးဝင်း၊ ဒေါက်တာ ဦးမောင်မောင်သိမ်း နှင့် ဖိတ်ကြားထားသော လုပ်ငန်းရှင်များ တက်ရောက်ကြပြီး လုပ်ငန်းဖွံဖြိုးတိုးတက်ရေး နယ်ပယ်အလိုက် ဆွေးနွေးခဲ့ကြကာ UMFCCIဥက္ကဌဦးအေးဝင်းမှ (ARCCI) ဧရာဝတီတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းဥက္ကဌ ဦးညီညီထွန်းအား အသင်းရုံးဆောက်လုပ်ရေး သိန်းတစ်ထောင် နှင့်အလှူရှင်များက အသီးသီး ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် MSME လုပ်ငန်းပေါင်း ၅၅၀၀ ကျော်ရှိကြောင်းသိရပြီး လုပ်ငန်းအများစုအတွက် ရင်းနှီးမတည်ငွေအခက်အခဲမှာ အဓိကစိန်ခေါ်မှုအဖြစ် ရင်ဆိုင်နေရခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အကြို မွေးနေ့ပူဇော်ပွဲ ဇူလိုင် (၂၆) ရက်တွင် ကျင်းပမည်

ရန်ကုန်၊ ဇူလိုင်-၁၅ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင် ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် သက်တော် (၉၉) နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သက်တော် (၁၀၀) ပြည့်မြောက်ရန် နီးကပ်လာပြီဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိနှင့် ပညာဂုဏ်တော်များကို ပူဇော်ဂုဏ်ပြုသည့်အနေဖြင့် ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့က ဦးဆောင်ကာ အဆိုပါ မွေးနေ့ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အစီအစဉ်အရ ဇူလိုင်လ (၂၆) ရက်...

နိုင်ငံခြားသားပြည်နှင်ဒ-ဏ်ပေးသည့်ဥပဒေကြမ်းထိုင်းအစိုးရ အတည်ပြု

နိုင်ငံခြားသားများကို ပြည်နှင်ခြင်းနှင့်ပတ်သက်သော နိုင်ငံ၏ ပထမဆုံး တရားဝင်စည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာဥပဒေများကို ချိုးဖေ-ာက်သည့် နိုင်ငံခြားသားများကို နှင်ထုတ်မှု ကို အရှိန်မြှင့်တင် လုပ်ဆောင်မည့် မူဘောင်တစ်ခုကို စတင်လိုက်ပြီဖြစ်သည်။      ဒုတိယဝန်ကြီးချုပ် ပါခွန်း နီလ်ပရာပန့်က အဆိုပြုထားသော ပြည်နှင်ခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံးစည်းမျဉ်းစည်းကမ်း ဥပဒေမူကြမ်းကို အစိုးရအဖွဲ့က ထောက်ခံခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်နာဒီရက်ခ်က ပြောကြားခဲ့သည်။       အများပြည်သူ ငြိမ်ဝပ်ပိပြားရေးနှင့် အများပြည်သူဆိုင်ရာ ကျင့်ဝတ်များကို ကာကွယ်ရန် လိုအပ်သည်ဟု ယူဆပါက နိုင်ငံခြားသားများကို နှင်ထုတ်နိုင်သည့် ပြစ်မှုအမျိုးအစား ခြောက်မျိုးကို...

ဘူတန်ဒုက္ခသည်အတု ဖန်တီးမှုဖြင့် နီပေါဝန်ကြီးဟောင်းများကို ထောင်ချ

ဒုက္ခသည်များအဖြစ် နိုင်ငံတကာတွင် ပြန်လည်နေရာချပေးမည်ဆိုသော လွဲမှားသည့် ကတိပြုကာ နိုင်ငံသားများကို လိမ်လည်ခဲ့မှုဖြင့် ယခင်အစိုးရဝန်ကြီးနှစ်ဦးနှင့် အခြားလူ တစ်ဒါဇင်ကျော်ကို ထောင်ဒ-ဏ်ချမှတ်ခဲ့ကြောင်း တရားရုံးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။       ၁၉၉၀ ပြည့်လွန်အစောပိုင်း နှစ်များတွင် နိုင်ငံသားဥပဒေများ ပြင်ဆင်ပြောင်းလဲလိုက်မှုကြောင့် နီပေါလူမျိုး ၁ သိန်းကျော်သည် ဘူတန်နိုင်ငံမှ ထွက်ပြေးခဲ့ရပြီး အများအပြားသည် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိက၊ ဥရောပနှင့် အခြားနေရာများတွင် နေရာသစ်များ ရရှိခဲ့သည်။            ၂၀၁၈ ခုနှစ်တွက် အဆုံးသတ်ခဲ့သော နေရာချထားရေးအစီအစဉ်တွင် အကြီးတန်းအရာရှိများပါဝင်သော လိမ်လည်မှုသည် အစီအစဉ်တွင် အကျုံးမဝင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071