အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး(MSME)ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်ဖြစ်၍ ချေးငွေအဆိုပြုလွှာများပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ ချေးငွေအဆိုပြုလွှာပေးပို့နိုင်ခြင်းကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရှိ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစေ့ဆီထုတ်စက်များ၊ ချည်မျှင်ထုတ်လုပ်မည့်စက်များတည်ထောင်ရန်နှင့် တိုးချဲ့တပ်ဆင်နိုင်ရန်တို့အတွက် ချေးငွေများလျှောက်ထားနိုင်ကာ ချေးငွေအဆိုပြုလွှာများကို နေပြည်တော်/တိုင်း/ပြည်နယ် MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၅၊ ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
