Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal NewsMOUစနစ်နဲ့ ခေါ်ယူမယ့် မြန်မာလုပ်သားငါးသောင်းကျော်အထိ...

MOUစနစ်နဲ့ ခေါ်ယူမယ့် မြန်မာလုပ်သားငါးသောင်းကျော်အထိ ထိုင်း စာရင်း ပြုစုထားပြီးဖြစ်

MOUစနစ်နဲ့ ခေါ်ယူမယ့် မြန်မာလုပ်သားငါးသောင်းကျော်အထိ ထိုင်း စာရင်း ပြုစုထားပြီးဖြစ်

ထိုင်းနိုင်ငံက MOU စနစ်နဲ့ အလုပ်သမားသစ်တွေ ခေါ်ယူဖို့ရှိနေတာမှာ အဲ့ဒီထဲ မြန်မာလုပ်သား ငါးသောင်းကျော်စာရင်းကို ပြုစုပြီး ဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံအစိုးရအလုပ်သမားဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ့်က ဖော်ပြပါတယ်။

ထိုင်းအလုပ်ရှင်တွေဘက်က ခေါ်ယူလိုတယ်ဆိုတဲ့ အလုပ်သမားပေါင်း ၉၄၇၃၉ ဦး စာရင်းမှာ မြန်မာအလုပ်သမားအရေအတွက်က ငါးသောင်းကျော် ပါဝင်နေတာပါ။

မြန်မာအလုပ်သမားဝန်ကြီးဌာန နဲ့ ထိုင်းဘက်က တာဝန်ရှိသူတွေ MOUစနစ်နဲ့ ခေါ်ယူမယ့် မြန်မာလုပ်သားကိစ္စကို လာမယ့် ဇန်နဝါရီ ၂၇ရက်မှာ ဆွေးနွေးဖို့ရှိနေပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်သန်းက“မြန်မာကနေ မြဝတီ မဲဆောက်လမ်းကြောင်းနဲ့ ကော့သောင်း ရနောင်း လမ်းကြောင်း ဒီလမ်းကြောင်းနှစ်ခုကနေ မြန်မာလုပ်သားတွေကို ပို့ဖို့ရှိနေတာပေါ့နော်။ပို့မယ်ဆိုတော့ အသေးစိတ်ဆွေးနွေးတာတွေ လုပ်ရမှာပေါ့။ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလကလည်း တစ်ကြိမ်ဆွေးနွေးပြီးဖြစ်ပါတယ်။ထိုင်းဘက်က ခေါ်ယူမည့် လုပ်သားအရေအတွက် အတိအကျစာရင်း၊နောက်ပြီး ခေါ်ပြီဆို ထိုင်းရောက်တဲ့အခါ ကွာရန်တင်းက ဝင်ရမှာ။ကာကွယ်ဆေးထိုးပြီးလည်း ဝင်ရမယ်လို့ ပြောတာရှိတယ်။ဒီတော့ ဒီကုန်ကျစရိတ်တွေကို ထိုင်းအလုပ်ရှင်ဘက်က ကျခံရမယ်။ဒါတွေကို ဆွေးနွေးနေပါတယ်။ကျွန်တော်တို့က မြန်မာလုပ်သားတွေကို စေလွှတ်တဲ့ အခါ ကိုယ့်ဘက်က အကောင်းဆုံးပြင်ဆင်ပြီး စာချုပ်ချုပ်ဆိုနိုင်မှ တော်ရုံကျမှာ။မဲဆောက်မှာက ကွာရန်တင်းစင်တာ ၄ခုရှိတယ်။လက်ခံနိုင်တဲ့ အရေအတွက်က ၁၀၀၀ ဦးပဲ ရှိတယ်။ဘယ်နှစ်ရက်ထားမလဲ ၇ရက်လား၊ ၁၀ရက် လား။ပိုးတွေ့တယ်ဆိုရင် ဘယ်လို စီစဉ်မလဲ ဆေးကုသဖို့ ဘာဖို့ ရှိသေးတာပေါ့နော်။ဒီတော့ အသေးစိတ်ဆွေးနွေးဖို့ရှိပါတယ်။ဆွေးနွေးပြီးရင်တော့ လုပ်သားပို့မယ့် ကိစ္စဟာ အမြန်ဆုံးဖြစ်လာမှာပါ။တရားဝင်သွားတာဟာ လုပ်သားတွေ အခွင့်အရေးအပြည့်အဝရသလို၊အလုပ်ရှင်ဘက်ကလည်း ကိုယ့်ကို မတရားတာတွေ ဘာမှ မလုပ်နိုင်ပါဘူး။ဒီတော့ ခဏသည်းခံစောင့်ပြီး တရားဝင်သွားကြဖို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

Zaw Gyi

MOUစနစ္နဲ႔ ေခၚယူမယ့္ ျမန္မာလုပ္သားငါးေသာင္းေက်ာ္အထိ ထိုင္း စာရင္း ျပဳစုထားၿပီးျဖစ္

ထိုင္းႏိုင္ငံက MOU စနစ္နဲ႔ အလုပ္သမားသစ္ေတြ ေခၚယူဖို႔ရွိေနတာမွာ အဲ့ဒီထဲ ျမန္မာလုပ္သား ငါးေသာင္းေက်ာ္စာရင္းကို ျပဳစုၿပီး ျဖစ္တဲ့အေၾကာင္း ထိုင္းႏိုင္ငံအစိုးရအလုပ္သမားဌာနရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ဘန္ေကာက္ပိုစ့္က ေဖာ္ျပပါတယ္။

ထိုင္းအလုပ္ရွင္ေတြဘက္က ေခၚယူလိုတယ္ဆိုတဲ့ အလုပ္သမားေပါင္း ၉၄၇၃၉ ဦး စာရင္းမွာ ျမန္မာအလုပ္သမားအေရအတြက္က ငါးေသာင္းေက်ာ္ ပါဝင္ေနတာပါ။

ျမန္မာအလုပ္သမားဝန္ႀကီးဌာန နဲ႔ ထိုင္းဘက္က တာဝန္ရွိသူေတြ MOUစနစ္နဲ႔ ေခၚယူမယ့္ ျမန္မာလုပ္သားကိစၥကို လာမယ့္ ဇန္နဝါရီ ၂၇ရက္မွာ ေဆြးေႏြးဖို႔ရွိေနပါတယ္။

အလုပ္သမားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေမာင္ေမာင္သန္းက“ျမန္မာကေန ျမဝတီ မဲေဆာက္လမ္းေၾကာင္းနဲ႔ ေကာ့ေသာင္း ရေနာင္း လမ္းေၾကာင္း ဒီလမ္းေၾကာင္းႏွစ္ခုကေန ျမန္မာလုပ္သားေတြကို ပို႔ဖို႔ရွိေနတာေပါ့ေနာ္။ပို႔မယ္ဆိုေတာ့ အေသးစိတ္ေဆြးေႏြးတာေတြ လုပ္ရမွာေပါ့။ၿပီးခဲ့တဲ့ ၂၀၂၁ ႏိုဝင္ဘာလကလည္း တစ္ႀကိမ္ေဆြးေႏြးၿပီးျဖစ္ပါတယ္။ထိုင္းဘက္က ေခၚယူမည့္ လုပ္သားအေရအတြက္ အတိအက်စာရင္း၊ေနာက္ၿပီး ေခၚၿပီဆို ထိုင္းေရာက္တဲ့အခါ ကြာရန္တင္းက ဝင္ရမွာ။ကာကြယ္ေဆးထိုးၿပီးလည္း ဝင္ရမယ္လို႔ ေျပာတာရွိတယ္။ဒီေတာ့ ဒီကုန္က်စရိတ္ေတြကို ထိုင္းအလုပ္ရွင္ဘက္က က်ခံရမယ္။ဒါေတြကို ေဆြးေႏြးေနပါတယ္။ကြၽန္ေတာ္တို႔က ျမန္မာလုပ္သားေတြကို ေစလႊတ္တဲ့ အခါ ကိုယ့္ဘက္က အေကာင္းဆုံးျပင္ဆင္ၿပီး စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မွ ေတာ္႐ုံက်မွာ။မဲေဆာက္မွာက ကြာရန္တင္းစင္တာ ၄ခုရွိတယ္။လက္ခံႏိုင္တဲ့ အေရအတြက္က ၁၀၀၀ ဦးပဲ ရွိတယ္။ဘယ္ႏွစ္ရက္ထားမလဲ ၇ရက္လား၊ ၁၀ရက္ လား။ပိုးေတြ႕တယ္ဆိုရင္ ဘယ္လို စီစဥ္မလဲ ေဆးကုသဖို႔ ဘာဖို႔ ရွိေသးတာေပါ့ေနာ္။ဒီေတာ့ အေသးစိတ္ေဆြးေႏြးဖို႔ရွိပါတယ္။ေဆြးေႏြးၿပီးရင္ေတာ့ လုပ္သားပို႔မယ့္ ကိစၥဟာ အျမန္ဆုံးျဖစ္လာမွာပါ။တရားဝင္သြားတာဟာ လုပ္သားေတြ အခြင့္အေရးအျပည့္အဝရသလို၊အလုပ္ရွင္ဘက္ကလည္း ကိုယ့္ကို မတရားတာေတြ ဘာမွ မလုပ္ႏိုင္ပါဘူး။ဒီေတာ့ ခဏသည္းခံေစာင့္ၿပီး တရားဝင္သြားၾကဖို႔ ေျပာခ်င္ပါတယ္”လို႔ ေျပာပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071