ဧရာဝတီတိုင်း၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်မှုအတွက် ဘဏ်များ၏ပံ့ပိုးကူညီမှုသည် အရေး ကြီးသောအခန်းကဏ္ဍတွင်ပါဝင်ဟု ဧရာဝတီတိုင်းဝန် ကြီးချုပ်ပြော
မြန်မာအရှေ့တိုင်းဘဏ်(MOB)နှင့် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း(ARCCI)တို့ကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီ ၃၁ ရက်ကကျင်းပရာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတက်ရောက်ခဲ့သည်။
ထိုသို့ တက်ရောက်၍ ဧရာဝတီတိုင်းအတွင်း စက်ရုံအလုပ်ရုံများပေါ်ပေါက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိပြီး တစ်ဦးချင်းဝင်ငွေပိုမိုတိုးတက်လာမည်ဖြစ်၍ ဧရာဝတီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံများပြုလုပ်ရန် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကိုဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ARCCI အနေဖြင့် ဧရာဝတီတိုင်း၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင်ရွက်ရာတွင် ဘဏ်များ၏ပံ့ပိုးကူညီမှုသည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသဖြင့် MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများအတွက်လိုအပ်သော ငွေကြေးအရင်းအနှီးပံ့ပိုးကူညီမှုများဆောင်ရွက်ပေးပါက ဧရာဝတီတိုင်း၏ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)မြင့်တက်လာမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI)နှင့် မြန် မာအရှေ့တိုင်းဘဏ်(MOB)တို့ကြား နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ကြသည်။