MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေသည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။
Week -6 ပွဲစဥ်ကို ယခုလ မေ (၃၀)ရက်မှ ဇွန် (၂) ရက်အထိ ဆက်လက်ကစားသွားကြမည်ဖြစ်ကာ လက်ရှိတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေကြသည့် ISPE အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ Junior Lions အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ထိပ်တို-က် တွေ့ဆုံနေကြသည်။
ထို့ပြင် မေ (၃၀) ရက်ညနေပိုင်းတွင် တောင်ဒဂုံကွင်းအတွင်း ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံပေါ့အသင်း၊ ပဒုမ္မာကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရာမညယူနိုက်တက်အသင်း၊ မေ (၃၁) ရက်၊ ညနေပိုင်း၌ တောင်ဒဂုံကွင်းတွင် မဟာယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်းတွင် ISPE အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
