ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီဖြစ်သည်။
ပထမပိုင်းပွဲစဉ်အတွင်း တစ်ဖက်(၁)ဂိုးစီဖြင့် သရေကစားခဲ့ရာမှ ဒုတိယပိုင်းပွဲချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ကျောနံပါတ်(၂၈) သာယာဝင်းထက်က သွင်းယူပေးခဲ့သလို ဒုတိယဂိုးကို ကျောနံပါတ်(၁) ကောင်းစည်သူနှင့် တတိယဂိုးကို ကျောနံပါတ်(၂၇) အီစိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန်လ (၂၄)ရက် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက် အသင်းတို့မှ အနိုင်ရသည့်အသင်းနှင့် ဗိုလ်လုပွဲ ဆက်လက်ကစားသွားကြရမည် ဖြစ်သည်။