Saturday, May 9, 2026

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများ ဘေးကင်းရာသို့...

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေအရ ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး (မော်စကိုမြို့) က ယနေ့...

ဥရောပအစိုးရများ WhatsApp နှင့် Signal...

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအချို့သည် အစိုးရအတွင်း ဆက်သွယ်ပြောဆိုမှုများအတွက် ၎င်းတို့ကိုယ်ပိုင် Messaging App များသို့ ပြောင်းလဲအသုံးပြုနေကြသည်။ နိုင်ငံအသီးသီးမှ မြို့တော်များသည် ဝန်ကြီးများနှင့်...

မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းမြင့်တက်လာ ရန်ကုန်အထိုင်စျေးတစ်ပိဿာ(၇,၄၉၉)ကျပ်ဖြစ်

ယခု မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းအလနည်းငယ်မြင့်တက်လာကာ ယနေ့ မေ ၈ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏...
HomeNewsFootballMNL League Cup...

MNL League Cup 2024 ချန်ပီယံဖြစ်ခဲ့သည့် အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေ သိန်း (၃၅၀)ချီးမြှင့်

MNL League Cup 2024 ပြည်တွင်းကလပ်အသင်းများ ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ပိုင်ဆိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေ သိန်း(၃၅၀) ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆု‌ချီးမြှင့်မှုကို အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်းဒုဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ တိုင်းဒေသကြီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ယမန်နေ့ ဇွန်(၁၉)ရက် ဗိုလ်လုပွဲစဉ်အပြီး ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပွဲစဉ်တလျှောက် သွင်းဂိုး(၉) ဂိုးဖြင့် ဂိုးသွင်းအများဆုံးသွင်းယူနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်တိုက်စစ်မှူး ကျော်ကိုကိုအား ကျပ် (၁၀) သိန်းနှင့် အမှတ်တရ ဆုတံဆိပ်များပေးအပ်ခဲ့သည့်အပြင် ဒုတိယရရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းအား တစ်ဦးချင်းငွေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ်သိန်း (၂၀၀)အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စုတွင်းနှင့် ဆီးမီးဖိုင်နယ်တွင် ရှုံးပွဲမရှိ မှတ်တမ်း ပိုင်ဆိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်နှင့် ဗိုလ်လုပွဲတွင် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ကော်မတီအနေဖြင့် ယခုနှစ်ရာသီမှ စတင်ကာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့မှ သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ပြောင်းလဲကျင်းပသွားမည်ဖြစ်သောကြောင့် ကြားကာလအတွင်း ပြိုင်ပွဲဝင်အသင်းများ လိဂ်ပြိုင်ပွဲအကြို ပြင်ဆင်မှု ပြုလုပ်နိုင်စေရန်အတွက် ကစားသမားများ ပြိုင်ပွဲပြတ်လပ်မှုမရှိစေရန် MNL League Cup ပြိုင်ပွဲကို ပြိုင်ပွဲသစ်တစ်ခုအနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဝန်ကြီးဌာနများ ပေါင်းစပ်ကူညီရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းပြည်ပသို့ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်နှင့် ကုန်သွယ်မှုစီးဆင်းမှုများ မြန်ဆန်စေရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက အလေးထား ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အောက်ပါအတိုင်း လမ်းညွှန်ခဲ့သည် - လျာထားချက် ပြည့်မီရေး ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်လျာထားချက်၏ နှစ်ဆပြည့်မီအောင် အလေးထား ကြိုးပမ်းဆောင်ရွက်ရန်။ ပေါင်းစပ်ညှိနှိုင်းပေးရေး ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကဏ္ဍအလိုက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ကူညီဖြေရှင်းပေးရန်။ ပို့ကုန်ရငွေနှင့် ကုန်စည်စီးဆင်းမှု ပို့ကုန်တင်ပို့ပြီးနောက် ရငွေများ အချိန်မီ ပြန်လည်ဝင်ရောက်ရေး၊ စက်သုံးဆီနှင့် စားသုံးဆီ ဖြန့်ဖြူးမှုများ...

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများ ဘေးကင်းရာသို့ အချိန်မီရွှေ့ပြောင်းကြရန် မော်စကိုမြို့ရှိ မြန်မာသံရုံး အရေးပေါ်သတိပေး

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေအရ ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး (မော်စကိုမြို့) က ယနေ့ (မေလ ၈ ရက်) တွင် အရေးပေါ် အသိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ အရေးပေါ်သတိပေးရခြင်း အကြောင်းရင်း မေလ (၉) ရက်နေ့တွင် ကျရောက်မည့် ရုရှားနိုင်ငံ၏ Victory Day (စစ်နိုင်ခြင်းအထိမ်းအမှတ်နေ့) အခမ်းအနားကာလအတွင်း ယူကရိန်းနိုင်ငံဘက်မှ ရုရှားနိုင်ငံအား တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ခြိမ်းခြောက်မှုများအပေါ် ရုရှားဘက်မှလည်း...

ဥရောပအစိုးရများ WhatsApp နှင့် Signal အသုံးပြုမှုကို ရပ်ဆိုင်းမည်

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအချို့သည် အစိုးရအတွင်း ဆက်သွယ်ပြောဆိုမှုများအတွက် ၎င်းတို့ကိုယ်ပိုင် Messaging App များသို့ ပြောင်းလဲအသုံးပြုနေကြသည်။ နိုင်ငံအသီးသီးမှ မြို့တော်များသည် ဝန်ကြီးများနှင့် အစိုးရဝန်ထမ်းများအကြား အရေးကြီးသော ဆက်သွယ်မှုများအတွက် အမေရိကန် နည်းပညာကုမ္ပဏီများအပေါ် မှီခိုနေရခြင်းကို မလိုလားတော့ပေ။ နေတိုး (NATO) အဖွဲ့သည်လည်း ယခုအခါ ကိုယ်ပိုင်ဆက်သွယ်ရေးစနစ် တစ်ခုရှိနေပြီဖြစ်ပြီး၊ ဥရောပကော်မရှင်ကလည်း ယခုနှစ်ကုန်ပိုင်းတွင် အလားတူ ပြောင်းလဲမှုမျိုး ပြုလုပ်ရန် ရည်မှန်းထားသည်။ Politico သတင်းဌာန၏ ဖော်ပြချက်အရ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071