Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal NewsMNDAAကို တည်ထောင်ခဲ့သည့် ဦးဖုန်ကြားရှင်ကွယ်လွန်

MNDAAကို တည်ထောင်ခဲ့သည့် ဦးဖုန်ကြားရှင်ကွယ်လွန်

MNDAAကို တည်ထောင်ခဲ့သည့် ဦးဖုန်ကြားရှင်ကွယ်လွန်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA) ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးဖုန်ကြားရှင်သည် ယနေ့ ၂၀၂၂ ဖေဖော်ဝါရီ၁၆ရက် မနက်ပိုင်းတွင် လူကြီးရောဂါဖြင့်MNDAAဌာနချုပ်မှာပင် ကွယ်လွန်သွားသည်ဟု သိရသည်။

ဦးဖုန်ကြားရှင်သည် ကွယ်လွန်ချိန်တွင် အသက်၉၀ကျော်အရွယ်ရှိပြီဖြစ်သည်။

သူ၏ဈာပနအား MNDAAဌာနချုပ်တွင်ပင် ကျင်းပမည်ဟု သိရသည်။

ဦးဖုန်ကြားရှင်သည် ၁၉၈၉ ခုနှစ် မတ်လ ၁၁ရက်နေ့တွင် မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှရေးပါတီ (MNTJP) ကို တည်ထောင်ခဲ့သူဖြစ်ပြီး ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့မှာ MNDAA ဖြစ်သည်။စတင်တည်ထောင်ခဲ့သည့် ၁၉၈၉ ခုနှစ်တွင်ပင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ်ချုပ်ဆိုခဲ့ဖူးသည်။ စာချုပ်ချုပ်ဆိုပြီးနောက် ကိုးကန့်ဒေသမှာ ရှမ်းပြည်နယ်အထူးဒေသ (၁) ဖြစ်လာခဲ့သည်ဟုသိရသည်။

၂၀၀၉ စက်တင်ဘာတွင် MNDAA ကို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲရန် ညွှန်ကြားခံခဲ့ရ ပြီးနောက် တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ ပြည်ပသို့ တိမ်းရှောင်ခဲ့ရသည်ဟုသိရသည်။ယင်းနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ၊ ၂၀၁၇ ခုနှစ် မတ်လတို့တွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ကွမ်လုံမြို့နယ်ထဲတွင် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။

MNDAA အနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NRPC နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၈ ဖွဲ့ တွေ့ဆုံမှုသို့ တက်ရောက်ခဲ့သည့်နည်းတူ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုကိုလည်း တက်ရောက်ခဲ့သည့်အပြင်၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်ကလည်း ကျိုင်းတုံမြို့တွင် မြောက်ပိုင်းလေးဖွဲ့နှင့် NRPC တို့ တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည့်အဖွဲ့ဖြစ်သည်။

Zaw Gyi

MNDAAကို တည္ေထာင္ခဲ့သည့္ ဦးဖုန္ၾကားရွင္ကြယ္လြန္

ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္တပ္ဖြဲ႕ (MNDAA) ၏ တည္ေထာင္သူႏွင့္ ဥကၠ႒ေဟာင္းျဖစ္သူ ဦးဖုန္ၾကားရွင္သည္ ယေန႔ ၂၀၂၂ ေဖေဖာ္ဝါရီ၁၆ရက္ မနက္ပိုင္းတြင္ လူႀကီးေရာဂါျဖင့္MNDAAဌာနခ်ဳပ္မွာပင္ ကြယ္လြန္သြားသည္ဟု သိရသည္။

ဦးဖုန္ၾကားရွင္သည္ ကြယ္လြန္ခ်ိန္တြင္ အသက္၉၀ေက်ာ္အ႐ြယ္ရွိၿပီျဖစ္သည္။

သူ၏ဈာပနအား MNDAAဌာနခ်ဳပ္တြင္ပင္ က်င္းပမည္ဟု သိရသည္။

ဦးဖုန္ၾကားရွင္သည္ ၁၉၈၉ ခုႏွစ္ မတ္လ ၁၁ရက္ေန႔တြင္ ျမန္မာအမ်ိဳးသားအမွန္တရားႏွင့္ တရားမွ်ေရးပါတီ (MNTJP) ကို တည္ေထာင္ခဲ့သူျဖစ္ၿပီး ၎၏ လက္နက္ကိုင္တပ္ဖြဲ႕မွာ MNDAA ျဖစ္သည္။စတင္တည္ေထာင္ခဲ့သည့္ ၁၉၈၉ ခုႏွစ္တြင္ပင္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕ႏွင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူညီစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ဖူးသည္။ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ ကိုးကန႔္ေဒသမွာ ရွမ္းျပည္နယ္အထူးေဒသ (၁) ျဖစ္လာခဲ့သည္ဟုသိရသည္။

၂၀၀၉ စက္တင္ဘာတြင္ MNDAA ကို နယ္ျခားေစာင့္တပ္အျဖစ္ေျပာင္းလဲရန္ ၫႊန္ၾကားခံခဲ့ရ ၿပီးေနာက္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားခဲ့ကာ ျပည္ပသို႔ တိမ္းေရွာင္ခဲ့ရသည္ဟုသိရသည္။ယင္းေနာက္ ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီ၊ ၂၀၁၇ ခုႏွစ္ မတ္လတို႔တြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့သည့္အျပင္ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းကလည္း ကြမ္လုံၿမိဳ႕နယ္ထဲတြင္ တိုက္ပြဲအခ်ိဳ႕ ျဖစ္ပြားခဲ့သည္။

MNDAA အေနျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ ၂၁ ရက္က ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့သည့္ NRPC ႏွင့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕၈ ဖြဲ႕ ေတြ႕ဆုံမႈသို႔ တက္ေရာက္ခဲ့သည့္နည္းတူ ၂၀၁၉ ခုႏွစ္ ဧၿပီ ၃၀ ရက္က မူဆယ္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ (NRPC) ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ေတြ႕ဆုံမႈကိုလည္း တက္ေရာက္ခဲ့သည့္အျပင္
၂၀၁၉ ခုႏွစ္ ၾသဂုတ္ ၃၁ ရက္ကလည္း က်ိဳင္းတုံၿမိဳ႕တြင္ ေျမာက္ပိုင္းေလးဖြဲ႕ႏွင့္ NRPC တို႔ ေတြ႕ဆုံမႈျပဳလုပ္ခဲ့ၿပီး ပူးတြဲေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့သည့္အဖြဲ႕ျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071