မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online ငွေပေးချေမှုအား KBZ Pay စနစ်, MPU ကတ် စနစ်နှင့် AYA Pay စနစ်များအပြင် MMQR စနစ်ဖြင့်ပါ ငွေပေးချေနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့မှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် မေလ (၂) ရက်မှ စတင်၍ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှု National QR Standard ဖြစ်သည့် MMQR စနစ်ကိုအသုံးပြုလို့ရပြီဖြစ်ကြောင်း သိရသည်။
MMQR စနစ်နှင့် နည်းပညာချိတ်ဆက်မှု အသင့်ဖြစ်သည့် မိုဘိုင်းဘဏ်လုပ်ငန်းစနစ်များ၊ Mobile Wallet ဆောင်ရွက်သော ဘဏ်များနှင့် ငွေပေးချေမှုအဖွဲ့အစည်းတိုင်း၏ MM QR စနစ်အသီးသီးတို့ဖြင့် မိမိတို့၏ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့သည့် Online Appointment System ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကိုလည်း မေလ (၁) ရက်မှ စ၍ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။