Tuesday, February 3, 2026

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှမှောင်ခိုတင်သွင်းလာခြင်းဖြစ်

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှမှောင်ခိုတင်သွင်းလာခြင်းဖြစ်သည်ဟု ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းက ပြောသည်။ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့်...

ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရန်စစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်းဖွင့်လှစ်ထားသော စျေးဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ ဘေးထွက်ဆိုးကျိုးဖြစ်စေသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရေးအတွက် ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဈေးဆိုင်များတွင် ဘေးအန္တရာယ်ဖြစ်စေသော...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ်...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌...

ကြို့ပင်ကောက်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိသစ်ပင်ကိုဝင်တို-က် (၂)...

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...
HomeCelebrities' NewsMiss Universe Yangon...

Miss Universe Yangon ပြိုင်ပွဲဝင်ဖို့ ကြိုးစားလေ့ကျင့်ရင်း ခန္ဓာကိုယ်ဝိတ်ဆယ်ပေါင်ကျော်ကျော်ကျသွားတဲ့ အလှမယ်အမရာငြိမ်း

Miss Myanmar International 2015 အလှမယ် အမရာငြိမ်းက ထပ်မံပြီးMiss Universe Myanmar 2019 ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဦးမှာဖြစ်ပါတယ်။ ဒါကြောင့်အခုချိန်မှာ အမရာငြိမ်းက ခန္ဓာကိုယ်အလှအပပိုင်းပြင်ဆင်မှုတွေကို အပြင်း အထန်ကြိုးစားနေတဲ့အပြင် ပရိသတ်တွေထောက်ပြတဲ့ အားနည်းချက်တွေကိုပါ ကြိုးစားပြင်ဆင်နေတယ်လို့ဆိုပါတယ်။ အမရာငြိမ်းရဲ့ ပြိုင်ပွဲအတွက်ပြင်ဆင်မှု တွေအကြောင်းပြောပြတာကတော့ . . .

”အမရာ Miss Universe Myanmar 2019 ပြိုင်ပွဲဝင်ဖို့အတွက် အခုကြိုးစားနေတယ်။ Miss Universe Yangon ကလည်း လာမယ့် ဧပြီလဆန်း မှာပြုလုပ်တော့မှာဖြစ်တဲ့အတွက် အဲဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် Body နဲ့ Beauty ပိုင်းကိုသေချာကြိုးစားလေ့ကျင့်နေပါတယ်။ အမရာအခုလည်း သုံးရက် လုပ်၊ တစ်ရက်နား Plan နဲ့ GYM ကစားတယ်။ နောက်ပြီးPersonal Trainer နဲ့လည်း လေ့ကျင့်မှုတွေပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ အစားစားရင်လည်း Diet Plan နဲ့ စားပါတယ်။ အဲလိုမျိုးနဲ့လည်း ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်း နေပါတယ်။ ခန္ဓာကိုယ် ဝိတ်လည်း ဆယ်ပေါင်ကျော်လောက်ကျသွားပါတယ်။ အားလုံးကလည်းပြောကြတယ်။ အမရာ Body Beauty ပိုင်းမှာအားနည်းချက်ရှိ တယ်ဆိုပြီးလေ။ နောက်ပြီး Catwalk လျှောက်တဲ့အခါမှာလည်း ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုနည်းတတ်တယ်။ အထူးသဖြင့်ရေကူးဝတ်စုံဝတ်တဲ့အချိန်မှာပါ။ ဒါကြောင့် ဒီအား နည်းချက်လေးတွေကိုကြိုးစားပြီး အမရာပြင်ရမှာပါ”လို့ ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ အလှမယ်ပြိုင်ပွဲတွေ အတော်များများ ပေါ်ပေါက်လာပေမယ့် ပရိသတ်များရဲ့ စိတ်ဝင်စားမှု၊ အားပေးမှုတွေက လျော့နည်းလျက်ရှိပါတယ်။ ဒါကြောင့် အရင် အလှမယ်ပြိုင်ပွဲ အတွေ့အကြုံတွေရှိခဲ့တဲ့ အလှမယ်အမရာငြိမ်းရဲ့အမြင်က . . .

”အလှမယ်ပြိုင်ပွဲတွေများလာတာလည်းပါပါတယ်။ အမရာတို့ကိုယ်တိုင်က ကြိုးစားအားထုတ်မှုတွေလျော့နည်းလာတာတွေကြောင့်လည်း ပရိသတ်တွေက စိတ်ဝင်စားမှု လျော့ နည်းလာတာလို့ထင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အသိအမှတ်ပြုပြိုင်ပွဲတို့၊ ကမ္ဘာပေါ်မှာအကြီးဆုံး ပြိုင်ပွဲတို့ဆိုတာက လေးပွဲကနေခုနစ်ပွဲအထိပဲရှိပါတယ်။ Miss Universe ကတော့ အကြီးဆုံး ပေါ့နော်။ ဒါကြောင့်ကိုယ်က ကြိုးစားတယ်ဆိုရင် ကိုယ့်ရဲ့ကြိုးစားမှုကိုတော့ လူတွေက အသိ အမှတ်ပြုကြမှာပါပဲ။ ကိုယ်က Motivation တစ်ခုနဲ့သွားမယ်ဆိုရင် ကိုယ့်ရဲ့နောက်ကိုတော့ လူ တွေလိုက်လာမယ်လို့ အမရာယုံကြည်ပါတယ်။ ကိုယ့်ဘက်က ကြိုးစားနေဖို့ပဲလိုတာပါ။ အမရာ လည်း အခု Miss Universe ပြိုင်ပွဲအတွက်ပဲ စိတ်နှစ်ပြီး အကောင်းဆုံးကြိုးစားနေတယ်။ ဒါကြောင့်လည်း ပရိသတ်ကြီး အားပေးကြပါဦးလို့ပဲပြောချင်ပါတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071