Wednesday, December 17, 2025

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...
HomeCelebrities' NewsMiss Universe ပြိုင်ပွဲတွေမှာ...

Miss Universe ပြိုင်ပွဲတွေမှာ မြန်မာ ဆိုတာ ကမ္ဘာက အသိအမှတ်ပြုအောင် ကြိုးစားမယ် Miss Universe Myanmar 2016 ထက်ထက်ထွန်း

HtetHtetTunဖိလစ်ပိုင်နိုင်ငံ Mall of Asia Arena, Pasay, Metro Manila မှာ ကျင်းပပြုလုပ် မယ့် ၆၅ ကြိမ်မြောက် Miss Universe ပြိုင် ပွဲကြီးကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ်ဝင် ရောက် ယှဉ်ပြိုင်မယ့် Miss Universe Myanmar 2016 ထက်ထက်ထွန်းက ဇန်နဝါရီလ ၁၂ရက်နေ့ မနက် ၉နာရီ ၅ဝ မိနစ် က ထိုင်းလေကြောင်း နဲ့ ရန်ကုန်မြို့မှ ဖိလစ်ပိုင် နိုင်ငံကို ထွက်ခွာသွားပြီး ဖြစ်ပါတယ်။ Miss Universe Final ပွဲကြီးကိုတော့ ဇန်နဝါရီလ ၃ဝရက်နေ့မှာ ကျင်းပ သွားမှာဖြစ်ပါတယ်။ အလှမယ် ထက် ထက်ထွန်း က ဒီပြိုင်ပွဲမှာတော့ National Costume အတွက် ရုပ်သေးမင်းသမီးလေး ကနေတဲ့ပုံနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ National Costume ဝတ်စုံအပေါ် ကိုတော့ သဘောကျတဲ့ ပရိသတ်တွေ ရှိသလို ဝေဖန်နေကြတဲ့ ပရိသတ်တွေ လည်း ရှိနေပါတယ်။ အဲဒီဝေဖန်မှုတွေ အပေါ်ကိုတော့ အလှမယ် ထက်ထက်ထွန်းက..

“ဝေဖန်တာတွေကို ဘာမှမပြောချင်ပါဘူး။ အားလုံးက သူ့အကြိုက် နဲ့သူ ရှိနေကြတာဆိုတော့ အရာ အားလုံးက အကြိုက် တူချင်မှ တူမှာပေါ့။ ထက်ကတော့ ထက်မျက်နှာ ကိုလည်း ရုပ်သေး ရုပ်နဲ့ တူနိုင်သလောက် တူအောင် ပြင်ထားတယ်။ ဝတ်စုံကြောင့်လည်း စိတ်ထိခိုက် တာတို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းသွားတာ တို့လည်း မရှိပါဘူး။ အဓိကကတော့ လူတစ်ယောက် မိမိကိုယ် ကိုယ် ယုံကြည်မှု ရှိဖို့ကိုပဲပြသတာပါ။ ထက် အကောင်းဆုံး ပြင်ဆင် သွားတဲ့ National Costume လေးကို ပြိုင်ပွဲမှာ သဘော ကျပြီး ဆုရရှိ ဖို့ကို လည်း ထက်မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အလှမယ် ထက်ထက်ထွန်းက ဒီပြိုင်ပွဲ အတွက် body ပိုင်း body ပိုင်းတွေ နဲ့ ဗဟု သုတပိုင်းတွေကို တစ်နှစ်တာ ကြိုတင်ပြင်ဆင် လေ့လာသွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုအချိန် မှာတော့ ပြိုင်ပွဲအပေါ် ရင်ခုန်မှု ထက် ပြိုင်ပွဲ အတွက် လိုအပ်မယ့် ပစ္စည်းများ မေ့ကျန်ခဲ့မှာကိုပဲ စိတ်ပူနေရကြောင်း အလှမယ် ထက်ထက်ထွန်းက ပြောပါတယ်။

“ရင်ခုန်မှုထက် အခုချိန်မှာ ဘာတွေများ ကျန်ခဲ့မလဲ။ ပြီးတော့ နောက်ပြန်လှည့်ပြီး ယူလို့မရတဲ့ အတွက် ပစ္စည်း ပစ္စယတွေ ကျန်ခဲ့မှာ အတွက် ကိုပဲ စိတ်ပူနေပါတယ်။ ရင်ခုန်မှုကတော့ ဟိုရောက်သွားရင် Camp သွင်း မှာရယ်၊ ပြိုင်ပွဲ စင်ပေါ်တက် ရင်တော့ ဖြစ် လာမှာပေါ့နော်။ အခုထိတော့ ရင်ခုန်ဖို့ အချိန်မရသေးဘူး။ စိတ်ပူမှုတွေ နဲ့ ပြည့်နေတယ်။ ထက်ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွား မယ်။ ပြိုင်ပွဲဝင်တိုင်း ကတော့  Winner ဆု ဆိုတာ ကြီးကို မျှော်လင့်ကြတာပဲ။ ထက်လည်း ဆုကြီးကို မျှော်လင့်ပါတယ်။ Winner  ဆုမရခဲ့ရင်တောင် မြန်မာဆိုတာ ကမ္ဘာက အသိအမှတ် ပြုအောင်တော့ ကြိုး စားခဲ့မှာပါ”ပြောပြခဲ့ပါတယ်။

ဇင်မာနွယ် ၊
ဓာတ်ပုံ- ထက်ထက်ထွန်း ဖေ့စ်ဘုတ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071