မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်( MFF) နှင့် Mega Group of Companies တို့ ကျပ်သိန်းတစ်ထောင်တန် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာချုပ်ချုပ်ဆိုပွဲကို စက်တင်ဘာ (၅)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Mega Group of Companies တို့ နှစ်ဖက်သဘောတူစာချုပ်လက်မှတ်ရေးထိုးသည့် အစီအစဉ် ပြုလုပ်ခဲ့သည်။
ယင်းနောက် Mega Group of Companies နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ခဲ့သည်။
အစီအစဉ်အရ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းများ၏ လူပ်ရှားမှု မှတ်တမ်းများ ၊ Mega Group of Companies မှ ထုတ်လုပ်သည့် ပစ္စည်းများအား ဗီဒီယိုဖြင့် ပြသခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် မြန်မာ့လက်ရွေးစင် ကစားသမားများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးပြီး အခမ်းအနား ပြီးဆုံးခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ၊ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ Mega Group of Companies မှ မန်နေဂျင်း ဒါရိုက်တာများဖြစ်ကြသည့် ဦးသီဟနှင့် ဦးသူရ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာလက်ရွေးစင် ဘောလုံးအသင်းများ၊ စပွန်ဆာကုမ္ပဏီမှ တာဝန်ရှိသူများ မြန်မာ့လက်ရွေးစင်ကစားသမားများ တက်ရောက်ခဲ့ကြသည်။
Mega Group of Companies သည် ၂၀၀၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် အိမ်ဆောက်သံထည်နှင့် အခြားဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
