Monday, January 20, 2025

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည်...

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့...

ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင်...

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းခဲ့ကြကြောင်း...
HomeNewsFootballMFF ၏ ၂၀၂၅...

MFF ၏ ၂၀၂၅ လျာထားဘတ်ဂျက်အတွင်း ဒေါ်လာ နှစ်သန်းကျော် အကုန် အကျခံ တည်ဆောက်မည့် High Performance Centre ပါဝင် ဟုဆို

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၅ လျာထားဘတ်ဂျက်အတွင်း ဒေါ်လာ (၂,၃၀၀,၀၀၀) အကုန်အကျခံ တည်ဆောက်မည့် High Performance Centre တစ်ခု ပါဝင်ကြောင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ က MFF Congress အတွင်းအတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ High Performance Centre သည် မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် MFF အနေဖြင့် မြန်မာ့ပထမဆုံး အမျိုးသမီးဘောလုံး အကယ်ဒမီကျောင်းကို အမေရိကန်ဒေါ်လာ ၁.၈ သန်းကျော် အကုန်အကျခံ၍ မန္တလေးမြို့၌ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ဘောလုံးလောက ဖွံ့ဖြို့တိုးတက်ရေးအတွက် ယူ-၁၂ လူငယ်ကစားသမားများအပါအဝင် ယူ-၂၀ ကစားသမားများအထိ သက်တမ်းအလိုက်ရွေးချယ်ခေါ်ယူ မွေးထုတ်ပေးလျှက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၂ လမ်းနှင့် ၇၃ လမ်းဒေါင့်ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်ဘုရားစင်၌ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာ ဖယောင်းတိုင်လဲပြီး ဘုရားစင်အခင်းအထပ်သားကို မီးကူးစက်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ စိတ္တရမဟီအရန်မီးသတ်စခန်း၊ ရန်မျိုးလုံအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်း၊ ပြည်ကြီးပျော်ဘွယ်အနောက်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက်...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည် မြန်မာ နိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊လုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်သည်ဟုလည်းပြောကြားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ နှစ်ဖက်သက်ဆိုင်သူများအနေဖြင့် ရန်လိုမှုများကိုအဆုံးသတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ဦးစားပေးလုပ်ဆောင်သင့်ပြီး သက်ဆိုင်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးပြုလုပ်ရန် တောင်းဆိုသည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။ အာဆီယံမူဘောင်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကိုဖြေရှင်းရမည်ဖြစ်ကြောင်း မိုဟာမက်ကဆက်လက်ပြောကြားခဲ့ပြီး ဒေသတွင်းအကျိုးစီးပွားများကို စုပေါင်းကာကွယ်ရန်အရေးကြီးသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များကြွရောက်တော်မူကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန် ကြီးဦးအေးထွန်းတက်ရောက်ကြည်ညိုပူဇော်ခဲ့သည်။ စေတိယင်္ဂဏစာလျှောက်မေးပွဲနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် အချင်း ၃၀ လက်မ၊ ထု ၃ လက်မခွဲ အရွယ်ရှိ "စေတိယင်္ဂဏစာလျှောက်မေးပွဲတံဆိပ်တော်"၊ ကျောက်စိမ်းအနက်ဖြင့် ထုလုပ်ထားသော အချင်း ၂၇ လက်မ၊ ထု ၈ လက်မခွဲ"အောင်မောင်းကြီး"(၁)လုံးနှင့် အချင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071